ပုဇွန်တောင်မှာ ရထားနှစ်စင်းတိုက်မှုဖြစ်ပွားပြီး ခုံးကျော်တံတားတစင်း ကျိုးကျ ပျက်စီး

 

ဖေဖော်ဝါရီ ၂၃ – ၂၀၂၄

SN (VOM)

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်၊ မနက် ၄ နာရီခွဲဝန်းကျင်က ရထားနှစ်စင်းတိုက်မိမှု ဖြစ်ပွားခဲ့ပြီး ခုံးကျော်တံတားတစင်း ကျိုးကျပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေကျော်ဝတ်ကျောင်းလမ်းနဲ့ ဘင်္ဂါလီစု ကူးတဲ့ ရထားလမ်း ခုံးကျော်တံတားအနီးမှာ ရထားနှစ်စင်း တိုက်မိခဲ့တာဖြစ်ပြီး အဲ့ဒီ့ဖြစ်စဉ်ကြောင့် ခုံးကျော်တံတား ထက်ပိုင်းကျိုးသွားခဲ့တယ်လို့ သိရပါတယ်။

“လူထိခိုက်တာတော့ မတွေ့ရဘူး။ တံတား ကျိုးသွားတာတော့အမှန်ပဲ။ တံတားကျိုးသွားတော့ လူတွေ ရုံးတက်ရုံးဆင်း ဒုက္ခရောက်ကြပြီပေါ့” လို့ ဒေသခံတယောက်က ပြောပါတယ်။

အခုလို ရထားနှစ်စင်း တိုက်မိခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ VOM အနေနဲ့ မီးရထား တာဝန်ရှိသူတယောက်ကို ဖုန်းဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။ အသေးစိတ် အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပါဖြစ်ပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW