မဲလ်ဘုန်းမှာ ကျင်းပတဲ့ အာဆီယံ-ဩစတြေးလျ ထိပ်သီးဆွေးနွေးပွဲကို မြန်မာတွေ ဆန္ဒပြ

 

မဲလ်ဘုန်း၊ မတ်-၄-၂၀၂၄

မျိုးဆက်(VOM)

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဒီနေ့ကျင်းပနေတဲ့ အာဆီယံ-ဩစတြေးလျ ထိပ်သီးဆွေးနွေးပွဲမှာ ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်နဲ့ အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံနေချိန် မြန်မာတွေ ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။

အာဆီယံ-ဩစတြေးလျ ထိပ်သီးဆွေးနွေးပွဲကို အသုံးချပြီး ဒေသတွင်းမှာ ဒီမိုကရေစီပြန်လည်ထွန်းကားရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အာဏာပိုင်တွေကို ဖိအားပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲဟာ အာဆီယံ-ဩစတြေးလျ ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံကလွဲပြီး ကျန်အာဆီယံနိုင်ငံခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ထိပ်သီးဆွေးနွေးပွဲတက်ရောက်လာသူတွေ အကြမ်းဖက်မှုတွေကနေ ကာကွယ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက မဲလ်ဘုန်းမြို့မှ လုံခြုံရေးအထူးတင်းကြပ်ထားပြီး လူနဲ့ယာဉ်တွေကို ရှာဖွေစစ်ဆေးဖို့ ရဲတပ်ဖွဲ့ကို အထူးအာဏာပေးထားပါတယ်။

ထိပ်သီးဆွေးနွေးပွဲကို မြန်မာအသိုင်းအဝိုင်းက ဆန္ဒပြသူတွေအပြင် ကမ္ဘောဒီးယားနိုင်ငံသားတွေလည်း နိုင်ငံရေးအရ စည်းလုံးညီညွတ်ကြောင်း ပြသတဲ့အနေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

Ref:9News

Photo:AP

 

Related posts

Leave a Comment

VOM News

FREE
VIEW