ဂါဇာမှာ လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေးလမ်းကြောင်းနှစ်ခု အစ္စရေး ဖွင့်ပေးမယ်

တဲလ်အဗစ်၊ ဧပြီ-၅-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသကို လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေးလမ်းကြောင်းနှစ်ခု ဖွင့်ပေးဖို့ အစ္စရေးက အတည်ပြုလိုက်ပြီး ဂါဇာဒေသကို အကူအညီတွေ ပိုမိုခွင့်ပြုပေးထားတယ်လို့ ဆိုပါတယ်။

ဂါဇာဒေသမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အကူအညီပေးရေးလုပ်သား ခုနှစ်ယောက် သေဆုံးပြီးနောက်ပိုင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ တယ်လီဖုန်းဆက်သွယ်ပြောဆိုပြီးနောက် နာရီပိုင်းအကြာတွင် အကူအညီပေးရေးလမ်းကြောင်းတွေပေးမယ့် သဘောတူချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

စစ်ပွဲစတင်ပြီးနောက်ပိုင်း ဂါဇာမြောက်ပိုင်း အီရဇ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး အက်ရှ်ဒေါ့ဆိပ်ကမ်းကိုလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့အတွက် ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

ဂျော်ဒန်ကပေးပို့တဲ့ နောက်ထပ်အကူအညီတွေကိုတော့ ကီရမ်ရှလွန် ဂိတ်ကဆင့် ဝင်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။ အစ္စရေးအနေနဲ့ အမေရိကန်ရဲ့ ထောက်ခံမှုကို ဆက်လက်ထိန်းသိမ်းလိုပါကဂါဇာဒေသမှာ အရပ်သားသေဆုံးမှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို တားဆီးဖို့ လုပ်ဆောင်ရမယ်လို့ ဂျိုးဘိုင်ဒင်က အစ္စရေးကို သတိပေးထားပါတယ်။

စစ်ပွဲစတင်ပြီးနောက်ပိုင်း ဂါဇာမှာ လူပေါင်း သုံးသောင်းကျော်သေဆုံးခဲ့ပြီး ဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းသည် လူလုပ်အငတ်ဘေးအဖြစ် ပြောင်းလဲနေကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW