ဒေါ်နယ်ထရန့်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်တို့ ထိပ်သီးဆွေးပွဲပြုလုပ်မယ်

ဆိုးလ်၊ မတ် ၂၉-၂၀၁၉

မျိုးဆက် (VOM)

ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ခဲပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်တို့ရဲ့ ပထမဆုံးထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မယ်လို့ တောင်ကိုရီးယားသမ္မတအိမ်တော်က မတ် ၂၉ ရက်က ထုတ်ပြန်ပါတယ်။

အဲဒီ ထိပ်သီးဆွေးနွေးပွဲကို ၀ါရှင်တန်မှာ ဧပြီ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတအိမ်တော် ဆက်ဆံရေးအရာရှိ ယွန်းဒိုဝမ်က သတင်းထောက်တွေကိုပြောပါတယ်။

သမ္မတမွန်ဂျေးအင်ဟာ သူရဲ့ဇနီးဖြစ်သူနဲ့ အတူ အမေရိကန်နိုင်ငံ ၀ါရှင်တန်ဆီကို နှစ်ရက်ကြာ သွားရောက်မှာဖြစ်ပါတယ်။ အမေရိကန်-တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကို ဧပြီ ၁၁ ရက်မှာ ပြုလုပ်မှာဖြစ်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က သီးခြားကြေညာချက်တစ်စောင်ထုတ်ပြန်ရာမှာ အတည်ပြုပြောဆိုပါတယ်။

ဒေါ်နယ်ထရန့်နှင့် မွန်ဂျေးအင်တို့ဟာ အာဂျင်တီးနားနိုင်ငံမှာ ပြုလုပ်တဲ့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲပြင်ပမှာ တွေ့ဆုံခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသေးတယ်။ အမေရိကန်-မြောက်ကိုရီးယား ဆွေးနွေးပွဲပျက်ပြားခဲ့တာကြောင့် မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးထိခိုက်စေမယ့် အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုဖြစ်ပေါ်လာနိုင်တာကို တောင်ကိုရီးယားနိုင်ငံက စိုးရိမ်ပူပန်နေခဲ့ပါတယ်။

Ref : UPI Photo : Yonhap

#voiceofmyanmar #နိုင်ငံတကာသတင်း #ဒေါ်နယ်ထရန့် #အမေရိကန်

Related posts

✕
VOM News

FREE
VIEW