တီဟီရန်၊ ဧပြီ-၁၉-၂၀၂၄
မျိုးဆက်(VOM)
အစ္စရေးက ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစင်းဟာ အီရန်နိုင်ငံထဲကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူနှစ်ယောက်ကို ကိုးကားပြီး စီဘီအက်စ်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။
အစ္စရေးရဲ့ ဒုံးကျည်ဟာ အီရန်အလယ်ပိုင်းက အစ္စဖာဟန် လေဆိပ်အနီးမှာ ကျရောက် ပေါက်ကွဲခဲ့တာလို့ အီရန် နိုင်ငံပိုင် သတင်းဌာနက ရေးသားဖော်ပြထားပြီး လက်ရှိမှာတော့ အီရန်မြို့အများအပြားမှာ လေယာဉ်ခရီးစဉ်တွေကို ဆိုင်းငံထားရပါတယ်။
အစ္စရေးအစိုးရအနေနဲ့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ လိုအပ်တဲ့ တုံ့ပြန်မှုတွေ ပြုလုပ်သွားမယ်လို့ နေတန်ယာဟုက ပြောပါတယ်။ သီတင်းပတ်ကုန်ပိုင်းက အီရန်က အစ္စရေးကို မကြုံစဖူး ဒုံးကျည်တွေ မောင်းသူမဲ့လေယာဉ်တွေ အစင်း ၃၀၀ ကျော်နဲ့နဲ့ တိုက်ခိုက်မှုမှုကို လက်တုံ့ပြန်မယ်လို့ နေတန်ယာဟုက အကြိမ်ကြိမ် ကတိပြုထားပြီးနောက် အခုလို တိုက်ခို်ကမှုထွက်ပေါ်လာတာဖြစ်ပါတယ်။
အီရန်က အစ္စရေးကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ဟာ အီရန်အပေါ် အရေးယူပိတ်ဆို့မှုသစ်တွေ ချမှတ်ဖို့ စီစဉ်နေပြီး အစ္စရေးကတော့ အီရန်တော်လှန်ရေးအစောင့်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ သူ့ရဲ့ မဟာမိတ်တွေကို တောင်းဆိုထားပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ ဂါဇာစစ်ပွဲအပြင် အီရန်နဲ့ တင်းမာမှုတွေတိုးလာပြီး နောက်ထပ် စစ်ပွဲဖြစ်လာမှာကို ဒေသတွင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်မူတွေ မြင့်တက်နေပြီး ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ဖို့ အစ္စရေးကို တိုက်တွန်းမှုတွေရှိနေပါတယ်။
Ref:BBC
Photo:Reuters
Related posts
-
မြန်မာ့ခရီးသွားဘဏ် (MTB) နှင့် GGI ပူးပေါင်း
မြန်မာ့ခရီးသွားဘဏ် (MTB) နှင့် GGI Nippon Life Insurance Company (GGINL)... -
ယနေ့ ရွှေဈေး (မေ – ၁၆ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၈၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား... -
ပြည်တွင်းရွှေဈေး ကျပ် သိန်း ၅၀ ကျော်ထိ စံချိန်တင် မြင့်တက်
မေ ၁၆ – ၂၀၂၄ SN (VOM) ပြည်တွင်း အခေါက်ရွှေစျေးနှုန်းဟာ ဒီကနေ့...