ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တော်ဝင်မိသားစုကို ဝေဖန်ပြောဆိုမှုကြောင့် တရားစွဲခံရတော့မယ်



ဘန်ကောက်၊ မေ-၃၀-၂၀၂၄
မျိုးဆက်(VOM)

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ထိုင်းဘရင်ကို ဝေဖန်ပြောဆို စော်ကားမှုနဲ့တရားစွဲခံရမှာဖြစ်ကြောင်း ထိုင်းရှေ့နေချုပ်က ပြောပါတယ်။

ပြည်ပြေးဘ၀နဲ့ ၁၅ နှစ်ကြာပြီးနောက် ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့တဲ့ သက်ဆင်ဟာ ပြီးခဲ့တဲ့ ကိုးနှစ်ကျော်ကာလက ကိုရီးယားသတင်းစာတစောင်နဲ့ အင်တာဗျူးတခုမှာ ဘုရင်စနစ်ကို ဝေဖန်ပြောဆိုခဲ့မှုကြောင့် တရားစွဲဆိုခံရမှာဖြစ်ပါတယ်။

အဲဒီအင်တာဗျူးမှာတော့ ထိုင်းဘုရင်ရဲ့ ထိပ်တန်းအကြံပေးအဖွဲ့ဖြစ်တဲ့ အထူးကောင်စီဟာ သက်ဆင်ရဲ့ ညီမ ယင်လပ်ဦးဆောင်တဲ့အစိုးရကို ဖြုတ်ချခဲ့တဲ့ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုကို ကူညီခဲ့တယ်လို့ ပြောဆိုခဲ့တာပါ။ ၂၀၁၁ ရွေးကောက်ပွဲအနိုင်ရ ယင်လပ်အစိုးရဟာ အာဏာသိမ်းမခံရမီ သုံးနှစ်ကြာ အုပ်ချုပ်ခဲ့ပါတယ်။

ဒါဟာ ထိုင်းနိုင်ငံမှာ အတိုက်အခံနိုင်ငံရေးသမားတွေကို ဖိနှိပ်ရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တော်ဝင်ဥပဒေကို အသုံးပြုပြီး စွဲချက်တင်ခံရတဲ့အထဲမှာ သက်ဆင်ဟာ အထင်ရှားဆုံး နိုင်ငံရေးသမားတယောက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်း ဒီဥပဒေကိုအသုံးပြုပြီး ရာနှင့်ချီတဲ့လူတွေကို တရားစွဲဆို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ဒါဟာ သက်ဆင်ပြည်တော်ပြန်ဝင်ပြီးနောက် သူ့ကို တရားစွဲဖို့ဆုံးဖြတ်ချက် ထိုင်းနိုင်ငံရဲ့ ဩဇာကြီးမားတဲ့ တော်ဝင်အသိုင်းအဝိုင်းနဲ့ ထောက်ခံသူတွေကြားမှာ ရန်သူရှိနေသေးတဲ့ သဘောဖြစ်ပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW