လားရှိုးမှာ လက်နက်ကြီးကျလို့ အရပ်သား နှစ်ယောက်သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရ

 

ဇူလိုင် ၁၀၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမှာ ဒီမနက် ဇူလိုင်လ ၁၀ ရက်နေ့မနက်မှာ လက်နက်ကြီးကျလို့ အရပ်သားပြည်သူ နှစ်ယောက်သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ရပ်ကွက် ၉ ဘူတာနားမှာ ဒီမနက် လက်နက်ကြီးကျတယ်။ အန်တီ တယောက် ခါးပြတ်သွားတယ်။” လို့ ဒေသခံ တယောက် က ပြောပါတယ်။

ရပ်ကွက် ၉၊ နယ်မြေ ၃၊ ဘူတာ သံလမ်းဘေးမှာ လက်နက်ကြီး နှစ်လုံးကျလာတာဖြစ်ပြီး အမျိုးသမီး တယောက်နဲ့ ယောက်ျားလေး ကလေးလေး တယောက် သေဆုံးသွားပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ရပ်ကွက် ၁၊ နယ်မြေ ၁၊ ပါရမီ လမ်းမှာလည်း လက်နက်ကြီး တလုံးကျတယ်။ လူတွေ အထိအခိုက်မရှိဘူးပြောတယ်။ စစ်ရှောင်အိမ်” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။

တိုက်ပွဲအတောအတွင်း လားရှိုးမြို့ထဲ ရပ်ကွက်တွေမှာ လက်နက်ကြီး ကျရောက် ထိမှန်တာကြောင့် အရပ်သားပြည်သူ သေဆုံးမှု အယောက် ၂၀ ထက်မနည်း ရှိသွားပြီလို့ လားရှိုးဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ယမန်နေ့ ဇူလိုင်လ ၉ ရက်ေန့ကလည်း မွန်းလွဲ ပိုင်းမှာလည်း တရုတ်ဘုံကျောင်းအနီးနဲ့ Sky Vision အနီး ဝန်းကျင်တွေမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှု ရှိခဲ့တယ်လို့ဆိုပါတယ်။

လားရှိုးမြို့စွန်ဘက် အေတီ ရှမ်းကုန်း၊ ခေးခမ်း၊ မယ်ဟန်၊ ဟိုပိတ် စတဲ့ နေရာဘက်တွေမှာ မကြာမကြာ တိုက်ပွဲ ဖြစ်နေဆဲ ဖြစ်ပြီး မြို့ထဲမှာလည်း နေ့တိုင်း လက်နက်ကြီး ကျရောက်နေဆဲ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

Photo Crd# ပေးသောလက်

#voiceofmyanmar #VOM #လားရှိုး #လက်နက်ကြီး #အရပ်သားနှစ်ယောက်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW