ထိုင်ဝမ်ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၂၀ ဘီလီယံကျော်ထိ စံချိန်တင် သုံးစွဲဖွယ်ရှိ

 

တိုင်ပေ ၊ ဩဂုတ်-၈-၂၀၂၄
မျိုးဆက်(VOM)

ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေရှိနေချိန်မှာ လာမယ့်နှစ် ထိုင်ဝမ်ကာကွယ်ရေး အသုံးစရိတ်ကို ဒေါ်လာ ၂၀ ဘီလီယံကျော်ထိ စံချိန်တင်သုံးသွားဖွယ်ရှိကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်းတီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တိုးမြှင့်မယ့် ကာကွယ်ရေးအသုံးစရိတ်ထဲမှာ တိုက်လေယာဉ်တွေ တိုးမြှင့် ဝယ်ယူရေးတွေပါတယ်လို့ ဆိုပါတယ်။ အဆိုပြုထားတဲ့ ဒီကာကွယ်ရေး အသုံးစရိတ်ဟာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးတို့အတွက် အထောက်အကူပြုဖို့နဲ့ ကိုယ်ကိုကိုယ် ကာကွယ်ဖို့အတွက်ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေရှိနေချိန်မှာ သမ္မတလိုင်ကျင်းတီဟာ ထိုင်ဝမ်ကာကွယ်ရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့်တင်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထောက်ခံမှုကို ရယူလိုနေတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

အဆိုပြုထားတဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရေးနဲ့ပတ်သက်ပြီး လာမယ့်လအတွင်း ပါလီမန်မှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပါလီမန်မှာ အတိုက်အခံလွှတ်တော်အမတ်တွေ လွှမ်းမိုးထားတာကြောင့် ဒီဆွေးနွေးမှု အဆင်ချောချောနဲ့ အနည်ပြုနိုင်မလားဆိုတာကတော့ မသေချာသေးပါဘူး။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပြီး လိုအပ်ပါက စစ်ရေးအင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားကာ မကြာသေးခင်ကလည်း ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေ အကြီးအကျယ်ပြုလုပ်ခဲ့ပါတယ်။

Ref:NHK
Photo:Getty Images

#Voiceofmyanmar #VOM #ထိုင်ဝမ် #ကာကွယ်ရေးအသုံးစရိတ် #တိုးမြှင့်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW