ဟားမတ်စ်ခေါင်းဆောင် အပါအဝင် ခြောက်ယောက်ကို အမေရိကန် တရားစွဲပြီ



ဝါရှင်တန်၊ စက်တင်ဘာ-၄-၂၀၂၄
မျိုးဆက်(VOM)

အစ္စရေးတောင်ပိုင်းကို ပြီးခဲ့တဲ့အောက်တိုဘာ ၇ ရက်က တိုက်ခိုတ်မှုနဲ့ပတ်သက်ပြီး ဟားမတ်စ်ခေါင်းဆောင် ယာယာဆင်ဝါအပါအဝင် ထိပ်တန်းခေါင်းဆောင် ခြောက်ယောက်ကို အမေရိက တရားစွဲလိုက်ပါတယ်။

ဒါဟာ ဟားမတ်စ်ခေါင်းဆောင်နဲ့ အခြားတာဝန်ရှိသူတွေကို ဖမ်းဆီးနိုင်ခြင်းမရှိသေးပေမယ့် အစ္စတောင်းပိုင်းကို အကြမ်းဖက်တို်ကခိုက်ပြီး ဓါးစာခံတွေ ဖမ်းဆီးသွားတဲ့အပေါ် ဟားမတ်စ်ခေါင်းဆောင်တွေ တာဝန်ခံဖို့ အမေရိကန်တရားရေးဌာနရဲ့ ပထမဆုံး လုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။

ယာယာဆင်ဝါအပြင် အခြားစွဲချက်တင်ခံရသူတွေကတော့ ဟားမတ်စ်ခေါင်ဆောင်ဟောင်း အစ္စမေးလ်ဟာနီယာ၊ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ လက်ထောက်ခေါင်းဆောင် မာဝန်အစ်ဆာ၊ ဂါဇာနဲ့ အနောက်ဘက်ကမ်းမှာ စစ်ရေးလှုပ်ရှားမှုတွေကို ဦးဆောင်နေတဲ့ ဟားမတ်စ်ထိပ်တန်းခေါင်းဆောင်သုံးယောက် ဖြစ်ပါတယ်။

စွဲချက်တွေထဲမှာတော့ အမေရိကန်နိုင်ငံသားတွေကို သတ်ဖြတ်မှု ၊ အကြမ်းဖက်မှု၊ အစုလိုက်အပြုံလိုက်သေစေတဲ့ လက်နက်တွေအသုံးပြုမှုအပါအဝင် သူတို့ခြောက်ယောက်ကို စွဲချက်ခုနှစ်ခုနဲ့ အမေရိကန်တရားရေးဌာနက တရားစွဲဆိုခဲ့တာပါ။

ဒါအပြင် ဟားမတ်စ်အဖွဲ့ရဲ့ ဆယ်စုနှစ်များစွာ အကြမ်းဖက်တို်ကခို်ကမှုတွေနဲ့ လွန်ခဲ့တဲ့ တနှစ်နီးပါးကာလက အစ္စရေးတောင်ပိုင်းကို မကြုံစဖူး တို်ကခို်ကမှုကြောင့် လူ ၁၂၀၀ သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ဆက်နွယ်တဲ့ စွဲချက်တွေလည်း ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW