မူဆယ် နန်းတော်နယ်စပ်ဂိတ်မှာ ၇ ရက်ကဒ် တန်းစီနေသူကို နေရာရောင်းစားသူက ဓားနဲ့ထိုး

စက်တင်ဘာ ၄၊ ၂၀၂၄
Shy V(VOM)
တရုတ်မြန်မာနယ်စပ်၊ မူဆယ် နန်းတော် နယ်စပ်ဂိတ်မှာ စက်တင်ဘာ ၃ ရက်နေ့ နေ့လယ်ပိုင်းက ၇ ရက်ကဒ် တန်းစီနေသူကို နေရာရောင်းစား သူက ဓားနဲ့ထိုးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နန်းတော် ပေါက်မှာ ၇ ရက် တပတ်ကဒ် တန်းစီနေသူကို နေရာ ရောင်းစားတဲ့ သူက ဓား နဲ့ ထိုးတာ။” လို့ ဒေသခံ တယောက်က ပြောပလတယ်။
နေရာရောင်းစားတဲ့သူတွေက အမြဲတမ်းလုပ်စားနေကြတာ ဖြစ်ပြီး စမတ်ကဒ်တိုကင်ပေးတော့လည်း သူတို့ပဲ နေရာရောင်းစားနေကြတာလို့ သူက ပြောပါတယ်။
“နေရာ ရောင်းစားသူတွေက အရမ်းစရိုက်ဆန်တယ်။ တပတ်ကဒ်သွားယူတုန်းကလည်း အဲဒီလိုပဲ ကိုယ်တွေ အစောကြီးအရင်ရောက်နေတာတောင် သူတို့နေရာတဲ့။ လာမောင်းထုတ်နေတာ။ တကယ့်စရိုက်တွေ။” လို့ မျက်မြင် တယောက်က ပြောပါတယ်။
တိုကင်ယူတဲ့နေရာတင်မကပဲ နန်းတော် နယ်စပ် ဂိတ်‌​ပေါက်၊ ဆင်ဖြူ နယ်စပ်ဂိတ်ပေါက် ဝင်ဖို့အတွက်လည်း ရှေ့မှာနေရာလိုချင်ရင် ဝယ်ရတယ် လို့ နယ်စပ်ဂိတ် အဝင်အထွက် လုပ်နေသူ တယောက်ကလည်း ပြောပါတယ်။
တိုကင်စနစ်ရှိနေသမျှ နေရာရောင်းနေကြဦးမှာဖြစ်ပြီး တပတ်ကဒ် တိုကင်ယူတဲ့နေရာမှာ နေရာရောင်းစားသူတွေ ပေါမှပေါ ဖြစ်နေကာ နေရာရောင်းစားသူတွေက တုံကင်သွားယူဖို့လာသူတွေ ဆိုင်ကယ်ပေါ်က တောင်မဆင်းခင် လာပြီး လူ လုနေကြပြီ လို့ ဆိုပါတယ်။
တကယ် တပတ်ကဒ် ယူမာ့် သူတွေ မဟုတ်ပဲ ကြိုတင် နေရာယူထားတာ၊ လူမရှိပဲ ဂျပ် စက္ကူ ချ ပြီး နေရာ ဦးထားတာ တွေကို သက်ဆိုင်ရာက ဖမ်းဆီးပြီး ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်က မူဆယ် နန်းတော်ပေါက်မှာ တပတ်ကဒ် တန်းစီနေသူကို နေရာ ရောင်း စားသူက ဓားထိုးမှု ဖြစ်ပွား တာကြောင့် မေတ္တာ ပန်းခင်း လူမှုကူညီရေးအသင်းက မူဆယ် ပြည်သူ့ ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ ကြောင်း သိရပါတယ်။
Photo Crd# မေတ္တာ ပန်းခင်း

Related posts

Leave a Comment

VOM News

FREE
VIEW