ဂျပန် ကာကွယ်ရေးဝန်ကြီးဟောင်း အိုင်ရှီဘာ ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ်



တိုကျို၊ စက်တင်ဘာ-၂၇-၂၀၂၄
ရတီ (VOM)

ဂျပန်အာဏာရပါတီ ခေါင်းဆောင်အဖြစ် ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂီရူအိုင်ရှီဘာကို ဒီနေ့မှာ ရွေးချယ်လိုက်ပြီး သူဟာ ဂျပန်ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မှာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိဝန်ကြီးချုပ် ကီရှီဒါဟာ ပါတီခေါင်းဆောင်အဖြစ် ပြန်လည်ရွေးချယ်ခံတော့မှာမဟုတ်ကြောင်း ကြေညာပြီးနောက် ပါတီခေါင်းဆောင်နေရာအတွက် ကိုယ်စားလှယ်လောင်း ကိုးယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ ပါလီမန်မှာ အမတ်နေရာ အများစု ရရှိထားတဲ့အတွက် ပါတီခေါင်းသစ် အိုင်ရှီဘာကို လာမယ့်သီတင်းပတ်မှာ ဝန်ကြီးချုပ်သစ်ခန့်အပ်ဖို့ ရှိနေပါတယ်။

ရန်ပုံငွေအရှုပ်တော်ပုံတွေနဲ့ ပြည်တွင်းစီးပွားရေးအခြေအနေတွေကြောင့် လူထုထောက်ခံမှုနှုန်း ကျဆင်းနေချိန်မှာ အာဏာရပါတီရဲ့ ခေါင်းဆောင်အပြောင်းအလဲ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အသက် ၆၇ နှစ်အရွယ် အိုင်ရှီဘာဟာ ပါတီခေါင်းဆောင်နေရာအတွက် ငါးကြိမ်မြောက် ယှဉ်ပြိုင်မှုလည်းပြီး ဒါဟာ နောက်ဆုံးအကြိမ် ဝင်ပြိုင်တာလို့ သူကဆိုပါတယ်။

သူဟာ ၁၉၈၆ ခုနှစ် အသက် ၂၉ နှစ်မှာ ဂျပန်လွှတ်တော်အမတ်အဖြစ် ပထမဆုံးရွေးချယ်ခံခဲ့ရပြီး အသက်အငယ်ဆုံး လွှတ်တော်အမတ်ဖြစ်လာပါတယ်။ အဲဒီနောက် သူဟာ ကာကွယ်ရေးဝန်ကြီးအပါအဝင် အခြားဝန်ကြီးရာထူးတွေနဲ့ ပါတီမှာလည်း အမှုဆောင်ရာထူးတွေကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

Ref:BBC
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW