တောင်ကိုရီးယား သွားလို့ရတဲ့ ကားလမ်း၊ ရထားလမ်းတွေ မြောက်ကိုရီးယား အ​ပြီးတိုင် ဖြတ်တောက်

 

ပြုံးယမ်း၊ အောက်တိုဘာ-၉-၂၀၂၄
မျိုးဆက်(VOM)

တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံကို လုံး၀ခွဲခြားဖို့ လုပ်ဆောင်မှုအဖြစ် တောင်ကိုရီးယားနဲ့ဆက်သွယ်ထားတဲ့ ကားလမ်း၊ ရထားလမ်းအကုန်လုံးကို အ​ပြီးတိုင် ဖြတ်တောက်မယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

မြောက်ကိုရီးယား တောင်ပိုင်းနယ်စပ်ကို အပြီးပိတ်ဆို့လိုက်တာဟာ အဲဒီဘက်ခြမ်းမှာရှိတဲ့ နယ်မြေတွေရဲ့ လုံခြုံရေး ပိုမိုခိုင်မာစေတယ်လို့ မြောက်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဒါဟာ စစ်ပွဲကိုတားဆီးဖို့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ပို်ငခွင့်လို့ ဆိုပါတယ်။

ဒေသတွင်းမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ မဟာမိတ်ဆက်ဆံရေးနဲ့ စစ်ရေးလှုပ်ရှားမှုတွေအပေါ် မြောက်ကိုရီးယားက ကြိမ်ဖန်များစွာ ဝေဖန်ခဲ့ပြီး ကားလမ်းနဲ့ ရထားလမ်းတွေ ဖြတ်တောက်မယ့်အစီအစဉ်က မကြာသေးမီကာလတွေအတွင်း တင်းမာမှုအမြင့်ဆုံးရောက်လာတယ်ဆိုတဲ့ အရိပ်လက္ခဏာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်းကလည်း မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ဦးတည်သွားရောက်နိုင်တဲ့ လမ်းတွေကို မြောက်ကိုရီးယား အာဏာပိုင်တွေက တဖြည်းဖြည်း ပိတ်ပင်ဖြတ်တောက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

မကြာသေးမီကလည်း အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ၊ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေအပြင် တောင်ကိုရီးယားဘက်ကို အမှိုက်မိုးပျံပူးပေါင်းတွေ လွှတ်တင်မှုတွေကြောင့် တင်းမာမှုတွေ ဆက်လက်မြင့်တက်နေခဲ့ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ တောင်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းမှမဟုတ်တော့ကြောင်း ကင်ဂျုံအန်က ၂၀၂၃ ခုနှစ်မှာ ကြေညာခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲဖြစ်လာမှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW