အမေရိကန်အပါအဝင် ကွပ်ဒ်လေးနိုင်ငံ အိန္ဒိယမှာ ပူးတွဲစစ်ရေးလေ့ကျင့်



ဒေလီ၊ အောက်တိုဘာ-၁၀-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်အပါအဝင် ကွပ်ဒ်အဖွဲ့ လေးနိုင်ငံ ရေတပ်တွေဟာ အိန္ဒိယကမ်းလွန် ပင်လယ်ပြင်မှာ ပူးတွဲစစ်ရေးလေ့ကျင့်နေကြပါတယ်။

မာလာဘာလို့ အမည်ပေးထားတဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၁၈ ရက်ထိ ဆက်လက်ပြုလုပ်သွားမယ်လို့ အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ရေးလေ့ကျင့်မှုမှာ ဖျက်သင်္ဘောတွေ၊ ထောက်ပံ့ရေးသင်္ဘောတွေ၊ လေယာဉ်တွေနဲပ ရေငုပ်သင်္ဘောတွေလည်း ပါဝင်ပြီး ရေငုပ်သင်္ဘောတွေကို တိုက်ခိုက်မှုနဲ့ အခြားလေ့ကျင့်ခန်းတွေကို ညှိနှိုင်းလေ့ကျင့်သွားမှာဖြစ်ပါတယ်။

“ အိန္ဒိယသမုဒ္ဒရာနဲ့ ပိုမိုကျယ်ပြန့်တဲ့ အင်ဒို-ပစိဖိတ်ဒေသဟာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနဲ့ စီးပွားရေးတည်ငြိမ်မှုအတွက် ပိုမိုအရေးကြီးလာတာကို မိမိတို့ အသိအမှတ်ပြုထားပါတယ် ”လို့ အိန္ဒိယ ရေတပ် ဒုဗိုလ်ချုပ်ကြီး ရာဂျက်ပန်ဟာကာက ပြောပါတယ်။

မာလာဘာ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတို့အကြား ၁၉၉၀ ခုနှစ်ပြည့်နှစ်အလွန်နှစ်တွေမှာ စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဂျပန်နဲ့ ဩစတြေလျးလို့လည်း ပါဝင်လာပါတယ်။ ဒီနိုင်ငံတွေဟာ လုံခြုံရေးနဲ့ အခြားနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မယ့် ကွပ်ဒ်မူဘောင် အဖွဲ့ဝင်လေးနိုင်ငံဖြစ်ပါတယ်။

လေးနိုင်ငံခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက အမေရိကန်မှာ ထိပ်သီးဆွေးနွေးပွဲတရပ် ကျင်းပခဲ့ပြီး အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးတိုးချဲ့လာတဲ့အပေါ် ကိုင်တွယ်ဖြေရှင်းရေးအတွက် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ သဘောတူခဲ့ကြပါတယ်။

Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW