အီရန် စစ်ဘက်နဲ့ စွမ်းအင်အဆောက်အအုံတွေကို အစ္စရေး လက်တုံ့ပြန်တိုက်ခိုက်ဖွယ်ရှိ



ဝါရှင်တန်၊ အောက်တိုဘာ-၁၄-၂၀၂၄
မျိုးဆက်(VOM)

အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဟာ အီရန်စစ်ဘက်နဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်နိုင်ခြေရှိတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ယုံကြည်နေကြောင်း အမေရိကန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

အစ္စရေးအစိုးရဟာ အောက်တိုဘာ ၁ ရက်က အီရန်ရဲ့ ဒုံးကျည်အစင်း ၂၀၀ နီးပါးနဲ့ တိုက်ခိုက်ခံရမှုအပေါ် တုံ့ပြန်မယ့် အစီအစဉ်ကို ချိန်ဆနေကြပြီ ဘယ်အချိန်မှာ တိုက်မယ်ဆိုတာ အပြီးသတ်ဆုံးဖြတ်ချက် မချရသေးပေမယ့် ဘယ်အချိန်မဆို အသင့်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

အမေရိကန်နဲ့ အရှေ့အလယ်ပိုင်း ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေကတော့ အစ္စရေးအနေနဲ့ အီရန်နျူကလီးယားနဲ့ ရေနံချက်စက်ရုံတွေကို ပစ်မှတ်မထားဖို့နဲ့ အခြေအနေတွေ ပိုဆိုးမလာဖို့ကို သံတမန်ရေးအရ ကြိုးပမ်းနေကြပါတယ်။

ဒီလိုတင်းမာနေစဉ် အစ္စရေးမှာ THAAD ဒုံးခွင်းဒုံးစနစ် ဖြန့်ကြက်ချထားမယ်လို့ အမေရိကန်က ပြောပါတယ်။ ဒီဒုံးကျည်တွေဟာ အမြင့်ကနေပျံသန်းလာတဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနိုင်စွမ်းရှိပြီး ဒါဟာ အီရန်ရဲ့ နောက်ထပ်ဒုံးကျည်တိုက်ခိုက်မှုတွေကနေ အစ္စရေးကို ကာကွယ်ဖို့ ကတိကဝတ်ဖြစ်တယ်လို့ အမေရိကန်က ဆိုပါတယ်။

အီရန်ကတော့ အမေရိကန်ဟာ ဒုံးကျည်တွေကို အစ္စရေးမှာဖြန့်ကြက်ပြီး အမေရိကန်တပ်ဖွဲ့ဝင်တွေကို အသေခံခိုင်းနေတယ်လို့ အီရန်နိုင်ငံခြားရေး ဝန်ကြီးက ဝေဖန်ပြောဆိုထားပါတယ်။

Ref: NHK
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW