ဖိလစ်ပိုင်မှာ မုန်တိုင်းကြောင့် လူ ၇၀ ကျော်သေပြီး ပျောက်ဆုံးသူတွေကို ဆက်လက်ရှာဖွေနေ

မနီလာ၊ အောက်တိုဘာ-၂၆-၂၀၂၄
မျိုးဆက်(VOM)
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ အပူပိုင်းမုန်တိုင်း ထရမီကြောင့် သေဆုံးသူ ၇၆ ယောက်ထိ မြင့်တက်လာပြီး ပျောက်ဆုံးသူတွေကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေကြပါတယ်။
မုန်တိုင်းကြောင့် နှစ်ရက်ဆက်တိုက် စံချိန်တင်မိုးရွာသွန်းမှုတွေဖြစ်ပေါ်ကာ လူထောင်ပေါင်းများစွာ နေအိမ်တွေကစွန့်ခွာပြီး ကယ်ဆယ်ရေးစခန်းတွေမှာ ခှိုလှုံခဲ့ရပါတယ်။ ဒေသခံအများအပြားဟာ အိမ်ခေါင်တွေထိ တက်နေခဲ့ရပြီး ကယ်ဆယ်ရေးအလာကို စောင့်နေခဲ့ရတယ်လို့ ရေဘေးအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ဘီကိုးလ်ဒေသ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။
“မိုးရွာတာ နည်းသွားလိုပ ရေကြီးရေလျှံသက်သာမယ်လို့ မျှော်လင့်ရတယ် ”လို့ သူကပြောပါတယ်။ ဒါပေမယ့်လည်း မနေ့ကညနေပိုင်းထိ ကယ်ဆယ်ရေးသမားတွေဟာ ဘီကိုးလ်ဒေသမှာ ကယ်ဆယ်ရေးတွေလုပ်ဖို့ အခက်အခဲတွေ ရှိနေဆဲလို့ သမ္မတ ဖာဒီနန်မားကို့စ်က ပြောပါတယ်။
ဒါက ဘီကိုးလ်ဒေသမှာ အဓိက ရင်ဆိုင်နေရတဲ့ ပြသနာပါ။ ရွှံ့တွေထူထပ်စွာ တင်ကျန်နေပြီး ယခင်မြေပြိုလေ့မရှိတဲ့နေရာတွေမှာပါ မြေပြိုမှုတွေဖြစ်ပွားပြီး သွားလာရေး လက်လှမ်းမမီဖြစ်တေယ်လို့ ဆိုပါတယ်။
မနီလာတောင်ပိုင်း ဘာတန်ဂတ်စ်ပြည်နယ်မှာ သေဆုံးသူ ၄၃ ယောက်နဲ့ ဘီကိုးလ်မှာတော့ အလောင်း ၂၉ လောင်းတွေ့ရှိထားပြီး တာလီဆေးမှာတော့ လူ ၁၆ ယောက်ပျောက်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အပူပိုင်းမုန်တိုင်း ထရီမီဟာ ဖိလစ်ပိုင်ကနေ တောင်တရုတ်ပင်လယ်အနောက်ပိုင်းကို ဦးတည်နေပြီး နိုင်ငံတွင်းမှာတော့ သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်နိုင်တယ်လို့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားကြပါတယ်။
Ref:AFP
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW