ရုရှားမှာ ပူတင်နဲ့တွေ့ခဲ့တဲ့ ကုလအကြီးအကဲကို သမ္မတဇီလန်းစကီးက ယူကရိန်း အလာမခံ



ကိဗ်ယက်၊ အောက်တိုဘာ-၂၆-၂၀၂၄
မျိုးဆက်(VOM)

ရုရှားကို သွားရောက်ခဲ့ပြီး ပူတင်နဲ့လည်းတွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ် ယူကရိန်းသို့ လာရောက်မယ့် ခရီးစဉ်ကို သမ္မတဇီလန်စကီးက ပယ်ချခဲ့ကြောင်း ယူကရိန်းသမ္မတရုံး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။

ယခုသီတင်းပတ်အတွင်းမှာ ရုရှားမှာကျင်းပနေတဲ့ ဘရစ်အုပ်စု အစည်းအဝေးကို တက်ရောက်ပြီးနောက် ဂူတာရက်စ်ဟာ ယူကရိန်းကို ဆက်လက်သွားဖို့ အစီအစဉ်ရှိနေခဲ့ပေမယ့် ဒီခရီးစဉ်ကို အတည်မပြုနိုင်ဘူလို့ သမ္မတရုံးတာဝန်ရှိသူကဆိုပါတယ်။

ငြိမ်းချမ်းရေးကို ရှေ့မတိုးစေနိုင်တဲ့ ရွေးချယ်မှုဟာ မှားယွင်းတဲ့လုပ်ရပ်ဖြစ်ပြီး ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း ဂူတာရက်စ်ရဲ့ ရုရှားခရီးစဉ်မတိုင်မီ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့ပါတယ်။

စစ်ပွဲကို လှုံ့ဆော်သူတွေနဲ့ လက်ဆွဲနှုတ်ဆက်ပြီး ရန်လိုနေတဲ့နိုင်ငံတနိုင်ငံမှာ ကုလသမဂ္ဂအကြီးအကဲ တာဝန်ယူထားတဲ့ နေ့တနေ့ကို ကုန်ဆုံးခဲ့ပြီးနောက် သူ့ကို ယူကရိန်းမြေပေါ်မှာ လက်ခံဆွေးနွေးဖို့ဆိုတာ ထူးဆန်းနေမှာဖြစ်တယ်လို့ သမ္မတရုံးတာဝန်ရှိသူက ပြောပါတယ်။

၂၀၂၀ ခုနှစ်မှာ ယူကရိန်းကို ရုရှားက အပြည့်အ၀ကျူးကျော်တိုက်ခိုက်ပြီးနောက် ပထမဆုံးအကြိမ် သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ်ရဲ့ ရုရှားခရီးစဉ်အပေါ် ယူကရိန်းပြည်သူတွေရဲ့ ဝေဖန်မှုတွေ မြင့်တက်လို့နေပါတယ်။

ယူကရိန်းမှာ တရားမျှတတဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ဂူတာရက်စ်က တိုက်တွန်းခဲ့ပြီး ကျူးကျော်တိုက်ခိုက်နေတာတွေဟာ ကုလသမဂ္ဂပဋိညာဉ်နဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ပူတင်ကို ဂူတာရက်စ်က ရုရှားခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။

Ref:BBC
Photo: Grigory Sysoyev

Related posts

Leave a Comment

VOM News

FREE
VIEW