နယူးယောက်၊ အောက်တိုဘာ-၂၉-၂၀၂၄
မျိုးဆက်(VOM)
အရှေ့အလယ်ပိုင်းမှာ အစ္စရေး သို့မဟုတ် အမေရိကန်တပ်ဖွဲ့ဝင်တွေကို အီရန်ကနောက်ထပ် တိုက်ခိုက်မယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အီရန်ကို အမေရိကန်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သတိပေးလိုက်ပါတယ်။
“မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အတွက် ကျွန်တော်တို့ တွန့်ဆုတ်နေမှာမဟုတ်ပါဘူး။ ရှုတ်ထွေးမှုတွေ မဖြစ်ချင်ပါဘူး။ ဒါကြောင့် အစ္စရေးနဲ့ အီရန်တို့အကြား တိုက်ရိုက်ပစ်ခတ်တိုက်ခိုက်မှုတွေကို အဆုံးသတ်သင့်တယ် ”လို့ အမေရိကန် သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးက ပြောပါတယ်။
ဒါပေမယ့်လည်း အီရန်သံအမတ် အာမီယာဆာအိဒ်အိုင်ရာဗာနီကတော့ အမေရိကန်ဟာ သူ့ရဲ့မဟာမိတ်တွေကို စစ်ရေး ကူညီပံ့ပိုးမှုတွေက အခြေအနေကို ရှုတ်ထွေးစေတယ်လို့ စွပ်စွဲထားပါတယ်။
“ အီရန်ဟာ သံခင်းတမန်ခင်းတွေကို အဆက်မပြတ်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့်လည်း အချုပ်အခြာအာဏာပိုင် နိုင်ငံအနေနဲ့ ရန်လိုမှုတွေကို တုံ့ပြန်ဖိုပ မွေးရာပါအခွင့်အရေး လက်ဝယ်ရှိတယ် ”လို့ သူက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြောပါတယ်။
အီရန်ရဲ့ စစ်ရေးနဲ့ စီးပွားရေးတွေအပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်မံချမှတ်ဖို့နဲ့ အီရန်အစိုးရမှာ နျူကလီးယားစွမ်းရည် မရှိအောင် တားဆီးဖို့ လိုအပ်တဲ့အစီအမံတွေ ချဖို့ အစ္စရေးသံအမတ် ဒန်နီဒါနွန်က လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ပါတယ်။
အီရန်ဟာ အောက်တိုဘာ ၁ ရက်နေ့က အစ္စရေးကို ပဲ့ထိန်းဒုံကျည် အစင်း ၂၀၀ နဲ့တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့ စနေနေ့က အစ္စရေးဟာ အီရန်ဒုံးကျည်စက်ရုံနဲ့ အခြားစစ်ဘက်အဆောက်အအုံတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်အကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။
Ref:Reuters
Photo:Reuters
Related posts
-
တောင်ကြီးတန်ဆောင်တိုင်ကြောင့် မြို့တွင်းရှိ ဟိုတယ်၊ မိုတယ်အားလုံး ဘိုကင်ပြည့်
ZY(VOM)အောက်တိုဘာ ၂၉၊ ၂၀၂၄ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့ရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော် ကျင်းပပြုလုပ်သွားမှာဖြစ်တာကြောင့်... -
လျှပ်စစ်ဝန်ကြီးဟောင်း ဦးဝင်းခိုင် လွတ်ငြိမ်းသက်သာခွင့်ရ
မန္တလေး ၊ အောက်တိုဘာ ၂၉- ၂၀၂၄ အဂတိလိုက်စားမှုစွဲချက်နဲ့ အိုးဘိုထောင်မှာ ထောင်ဒဏ် ၂၈... -
လှိုင်သာယာမှာ ဒိုင်နာနဲ့ ရေသယ်ကားတိုက်လို့ တယောက်သေပြီး ကိုးယောက် ဒဏ်ရာရ
အောက်တိုဘာ ၂၉ – ၂၀၂၄ SS (VOM) ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်းမြို့နယ်)...