မန္တလေး၊ အောက်တိုဘာ ၃၀-၂၀၂၄
Voice Of Myanmar(VOM)
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုအကျဉ်းထောင်အနီးက ပရဟိတမင်းခေါင် အမည်ရှိတဲ့ လူမူကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌနဲ့ အသင်းသားတွေ ဖမ်းဆီးခံထားရတယ်လို့ လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူတဦးကတော့ ” ဟုတ်ပါတယ်၊ ကိုခင်မောင်တင့် အပါ ၆ဦးပါ၊ သူတို့က မြင်းမူ၊ မြောင်၊ ဆားတောင် ပကဖ၊PDF တွေနဲ့အချိတ်အဆက်ရှိနေလို့ ထိန်းသိမ်းတာပါ”လို့ ပြောပါတယ်။
ပရဟိတမင်းခေါင် လူမှုကူညီရေးအသင်းနဲ့ နီးစပ်သူကလည်း ” ဦးတင့် ပျောက်သွားတာ ပြီးခဲ့တဲ့ အောက်တိုဘာ (၂၆)ရက်ကတည်းကလို့ သိရတယ်၊ ခရီးထွက်ရမယ် ပြောပြီးနောက်ပိုင်း ပျောက်သွားတာ၊ ဖမ်းခံရတာလား ဘာလားဆိုတာ ဘာမှမသိရ သေးပါဘူး”လို့ ပြောပါတယ်။
လူမှုကွန်ယက်စာမျက်နှာအချို့မှာ တော့ ပရဟိတမင်းခေါင် အသင်းရုံးကို အရပ်ဝတ်နဲ့လူတချို့က ဝင်ရောက်ပြီး အသင်းဝင်တွေကို လာရောက်ဖမ်းဆီးသွားတယ်လို့လည်း ဖော်ပြထားတာကို တွေ့ရပါတယ်။
ပရဟိတမင်းခေါင် လူမူကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်တင့်ဟာ နစက တက်လာပြီးနောက် ဖမ်းဆီးေထာင်ချခံရဖူးပြီး၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။
ပြီးတဲ့လကလည်း ပရဟိတအသင်းတခုက အသင်းသားတယောက်ဟာ pdf တွေနဲ့ ဆက်နွယ်လို့ဆိုပြီး ဖမ်းဆီးခံခဲ့ရပါသေးတယ်။
Photo – ၂၀၂၁ခုနှစ်က ပုံဟောင်း
Related posts
-
သတင်းသမားတွေ လုံခြုံမှုအကင်းမဲ့ဆုံး ကမ္ဘာ့ထိပ်ဆုံး ငါးနိုင်ငံစာရင်းမှာ မြန်မာပါဝင်
အောက်တိုဘာ ၃၀ – ၂၀၂၄SS (VOM)ကမ္ဘာမှာ သတင်းသမားတွေအတွက် လုံခြုံမှုအကင်းမဲ့ဆုံး ထိပ်ဆုံး ငါးနိုင်ငံစာရင်းမှာ... -
အကြီးစား နျူကလီးယားတိုက်ခိုက်မှု ပုံစံတူစစ်ဆင်ရေး ရုရှားစစ်တပ် လေ့ကျင့်နေ
မော်စကို၊ အောက်တိုဘာ-၃၀-၂၀၂၄ မျိုးဆက်(VOM) ရန်သူရဲ့ ပထမဆုံးသောတိုက်ခိုက်မှုကို အကြီးစားနျူကလီးယားတိုက်ခိုက်မှုနဲ့ တုံ့ပြန်တဲ့ ပုံစံတူစစ်ဆင်ရေးအဖြစ် ရုရှားစစ်တပ်ဟာ... -
ဆီဆိုင်နဲ့ ဟိုပုံးမှာ ဆန်ထောက်ပံ့မှု ပြည်သူတွေအပြည့်အ၀မရဘဲ ရပ်ကွက်လူကြီးတွေက ရောင်းစားနေ
ZY(VOM) အောက်တိုဘာ ၃၀၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်မှာ နစကက...