ကိဗ်ယက်၊ အောက်တိုဘာ-၃၁-၂၀၂၄
မျိုးဆက်(VOM)
ရုရှားရှိ မြောက်ကိုရီးယား စစ်သားတွေဟာ ယူကရိန်းနယ်စပ်ကနေ ကီလိုမီတာ ၅၀ အကွာမှာ ရောက်ရှိနေပြီလို့ ယူကရိန်း တာဝန်ရှိသူတယောက်ကို ကိုးကားပြီး ဖိုင်နယ်ရှယ်တိုင်းမ်သတင်းဌာနက ဖော်ပြလာပါတယ်။
ရုရှားကို စေလွှတ်ထားပြီးဖြစ်တဲ့ မြောက်ကိုရီးယားစစ်သား ၃၀၀၀ ကို ကာ့စ်ဒေသကနေ အရပ်ဘက်ကားတွေနဲ့ ယူကရိန်းနယ်စပ်အနီးကို လျှို့ဝှက်ပို့ဆောင်ခဲ့တာလို့ ယူကရိန်းထောက်လှမ်းရေးအဖွဲ့ကို ကိုးကားပြီး အဲဒီသတင်းစာက ဖော်ပြထားပါတယ်။
ယူကရိန်းနယ်စပ်ကနေ ကီလိုမီတာ ၅၀ အကွာမှာရောက်ရှိနေတဲ့ မြောက်ကိုရီးယားစစ်သားတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ စစ်တန်းလျားတွေမှာ နေရာချထားပေးခဲ့ပြီး စစ်သား ၃၀၀၀ ထဲမှာ အထူးတပ်ဖွဲ့ဝင် ရာဂဏန်းပါဝင်တယ်လို့ ဆိုပါတယ်။
ယူကရိန်းအရာရှိတွေကတော့ မြောက်ကိုရီးယားတပ်တွေရဲ့ လုပ်ရည်ကိုင်ရည်နဲပ တိုက်ခိုက်ရေးစွမ်းရည်ကို မေးခွန်းထုတ်ခဲ့ပြီး လက်တွေ့တိုက်ပွဲ တခါမှမတိုက်ဖူးခဲ့တဲ့အတွက် သူတို့ရဲ့ အတွေ့အကြုံဟာ ခေတ်သစ်စစ်ပွဲတွေနဲ့ အလွန်ဝေးကွာတယ်လို့ သုံးသပ်ကြပါတယ်။
မြောက်ကိုရီးယား စစ်သားအနည်းငယ်ဟာ ယူကရိန်းပိုင်နက်ထဲရောက်ရှိနေပြီလို့ အနောက်အုပ်စုထောက်လှမ်းရေး သတင်းရင်းမြစ်နှစ်ယောက်ကို ကိုးကားပြီး စီအင်န်အင်န်သတင်းဌာနက ဖော်ပြထားပေမယ့် ဒီကိစ္စအပေါ် အမေရိကန်ကတော့ အတည်ပြုခြင်းမရှိသေးပါဘူး။
ဒီအတောအတွင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဆန်ဟွေဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလပ်ရော့ဗ်အပါအဝင် ရုရှားတာဝန်ရှိသူတွေနဲ့ဆွေးနွေးဖို့ မော်စကိုရောက်ရှိနေပြီး သူမဟာ သမ္မတပူတင်နဲ့တော့ တွေ့ဖို့အစီအစဉ်မရှိဘူးလို့ ရုရှားသမ္မတနန်းတော်က ထုတ်ပြန်ထားပါတယ်။
Ref:NHK
Photo:CNN
Related posts
-
တိုက်ပွဲတွေကြောင့် မန္တလေး – ဗန်းမော်လမ်းပိုင်း ကားခ ကျပ် သုံးသိန်းကျော်အထိ ဖြစ်လာ
အောက်တိုဘာ ၃၁ – ၂၀၂၄ SS (VOM) စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာ ဖြစ်ပွားနေတဲ့... -
နှစ် ၃၀ အတွင်း အကြီးဆုံးမုန်တိုင်း ထိုင်ဝမ်ကို ဝင်ရောက်တိုက်ခတ်
တိုင်ပေ၊ အောက်တိုဘာ-၃၁-၂၀၂၄ ရတီ(VOM) ထိုင်ဝမ်မှာ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ကောင်ရေးကြောင့် မြို့ကြီးတွေနဲ့ ခရိုင်တွေအားလုံးမှာ စာသင်ကျောင်း၊... -
တနိုင်ငံလုံးက စက်မှုဇုန်တွေအားလုံး တရက် ၄ နာရီသာ အလှည့်ကျ လျှပ်စစ်မီးရရှိမယ်
အောက်တိုဘာ ၃၁ – ၂၀၂၄SN (VOM)တနိုင်ငံလုံးက စက်မှုဇုန်တွေ အားလုံး ဒီကနေ့ အောက်တိုဘာ...