နှစ် ၃၀ အတွင်း အကြီးဆုံးမုန်တိုင်း ထိုင်ဝမ်ကို ဝင်ရောက်တိုက်ခတ်

တိုင်ပေ၊ အောက်တိုဘာ-၃၁-၂၀၂၄
ရတီ(VOM)
ထိုင်ဝမ်မှာ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ကောင်ရေးကြောင့် မြို့ကြီးတွေနဲ့ ခရိုင်တွေအားလုံးမှာ စာသင်ကျောင်း၊ အစိုးရရုံးနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ရက်အဖြစ်ကြေညာခဲ့ပြီး လေယာဉ်ခရီးစဉ် ရာပေါင်းများစွာကို ဖျက်သိမ်းခဲ့ရပါတယ်။
ဒီမုန်တိုင်းဟာ နှစ်ပေါင်း ၃၀ အတွင်း ထိုင်ဝမ်ကို တိုက်ခတ်မယ့် အရွယ်အစားအကြီးမားဆုံး မုန်တိုင်းဖြစ်ပြီး မွန်းလွဲပိုင်းမှာ တောင်ထူထပ်ပြီး လူဦးရေနည်းပါးတဲ့ အရှေ့ဘက်ကမ်းရိုးတန်း ကုန်းတွင်းပိုင်းကို စတင်တိုက်ခတ်နေပါတယ်။
မုန်တိုင်းကြောင့် ကျွန်းအားလုံးနီးပါးမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေကို ထိုင်ဝမ် မိုးလေဝသဌာနက သတိပေးထားပြီး အနည်းငယ်အားပျော့သွားပေမယ့်လည်း တနာရီ ကီလိုမီတာ ၂၅၀ ကျော်ထိ တိုက်ခတ်နို်ငတဲ့ အဆင့်လေး ဟာရီကိန်းမုန်တိုင်းနဲ့ အလားတူဖြစ်ပါတယ်။
ထိုင်ဝမ်မိုးလေဝသဌာနကတော့ ထိုင်ဝမ်ကို တိုက်ခတ်မယ့် အားအပြင်းဆုံးမုန်တိုင်းလို့ သတ်မှတ်ထားပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်း အရွယ်အစားအကြီးဆုံး မုန်တိုင်းဖြစ်တယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။ အရှေ့ဘက်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ပြီးနောက် မုန်တိုင်းအားပျော့သွားကာ ထိုင်ဝမ်ရေလက်ကြားကို ဦးတည်မယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းရဲ့ အရွယ်အစားက အလွန်ကြီးမားပြီး လေတိုက်နှုန်းလည်းမြင့်တာကြောင့် ထိုင်ဝမ်ကျွန်းတခွင်ရှိ ပြည်သူတွေအနေနဲ့ နေအိမ်တွေမှာသာ နေထိုင်ကြဖို့ ထိုင်ဝမ်မိုးလေဝသဌာနက သတိပေးထုတ်ပြန်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများအတွက် တပ်ဖွဲ့ဝင် ၃၆၀၀၀ ကိုဖြန့်ကြက်ချထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Ref:Reuters
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW