တဲလ်အဗစ်၊ နိုဝင်ဘာ-၁၁-၂၀၂၄
ရတီ(VOM)
အစ္စရေး အစိုးရဟာ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့နဲ့ ယာယီအပစ်ရပ်ဖို့ စဉ်းစားနေကြောင်း အစ္စရေးအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
လက်ဘနွန်မှာ တိုက်ပွဲတွေ ထပ်တိုးမလာအောင်တားဆီးဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ အစိုးရက မကြာသေးမီသီတင်းပတ်တွေအတွင်း အစ္စရေးအစိုးရကို နို်ငငံရေးအရ ဖိအားတွေပေးခဲ့တယ်လို့ ဖော်ပြထားကြပါတယ်။
လက်ရှိမှာတော့ အစ္စရေးဟာ လက်ဘနွန်မှာရှိတဲ့ ဟဇ်ဘိုလာပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်နေသလို လက်ဘနွန်တောင်ပိုင်းမှာလည်း မြေပြင်ထိုးစစ်ဆင်နေပါတယ်။
လက်ဘနွန်တောင်ပိုင်းမှာတော့ မနေ့ကပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးခုနှစ်ယောက်အပါအဝင် လူ ၂၃ ယောက်သေဆုံးခဲ့ပြီး အောက်တိုဘာလနောက်ပိုင်း ၃၀၀၀ ကျော်လာတယ်လို့ လက်ဘနွန်အာဏာပိုင်တွေက ပြောပါတယ်။
လက်ဘနွန်အရေးနဲ့ပတ်သက်ပြီး သံတမန်ရေးအရာ အစီအစဉ်တရပ်အတွက် အမေရိကန်ရဲ့ ကတိကဝတ်ကို ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်နဲ့ တယ်လီဖုန်းဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။
လက်ဘနွန်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာစိုးရိမ်မှုတွေ တိုးပွားနေပါတယ်။ ပဋိပက္ခများအတွင်း လူပေါင်း ၁ ဒသမ ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ပြီး လက်ဘနွန်ရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေလည်း တိုက်ခိုက်ခံရမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Ref:NHK
Photo:Getty Images
ဟဇ်ဘိုလာအဖွဲနဲ့ ယာယီအပစ်ရပ်ဖို့ အစ္စရေးစဉ်းစားနေ
