ဖိလစ်ပိုင်မှာ တိုင်ဖွန်းကြောင့် ကျေးရွာ ၂၅၀၀ ကျော်က ဒေသခံတွေကို ဘေးလွတ်ရာပြောင်းဖို့ အမိန့်ထုတ်

မနီလာ၊ နိုဝင်ဘာ-၁၁-၂၀၂၄
မျိုးဆက်(VOM)
အင်အားပြင်း မုန်တိုင်းတိုက်ခတ်မှုတွေကြောင့် ထိခိုက်ပျက်စီးမှု များစွာဖြစ်ပေါ်ခဲ့တဲ့ ဖိလစ်ပိုင်နို်ငငံမှာ တလတာကာလအတွင်း လေးကြိမ်မြောက်မုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ကျေးရွာထောင်ပေါင်းများစွာက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားကြောင်း တာဝန်ရှိသူတွေက ဒီကနေ့မှာ ပြောပါတယ်။
တိုင်ဖွန်းမုန်တိုင်း တိုရာဂျီဟာ မြို့တော်မနီလာ အရှေကမြောက်ဘက် ကီလိုမီတာ ၂၂၀ အကွာ ဒီလာဆက်မြို့အနီး အရှေ့မြောက်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး အပျက်အစီးနဲပ ထိခိုက်ပျက်စီးမှုတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။
လေပြင်းတိုက်ခတ်တာတွေ၊ မိုးသည်းထန်စွာရွာတာတွေ သစ်ပင်လဲကျတာတွေရှိပြီး မနေ့ကလည်းက လျှပ်စစ်ဓါတ်အား ပြတ်တောက်နေကာ ပျက်စီးမှုတွေကို အကဲဖြတ်ဖို့ အပြင်ထွက်မရသေးကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားလေ့ရှိတဲ့ ဒီနာလန်ဂန်နဲ့ အနီးက ဘယ်လာအပါအဝင် ကမ်းရိုးတန်းဒေသတွေက လူ ၁၄၀၀ ကို ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အမျိုးသား သဘာ၀ဘေးရုံးက ဘေးလွတ်ရာ ရွှေ့ပြောင်းရသူ စုစုပေါင်းကို ထုတ်ပြန်ခြင်းမရှိသေးပေမယ့် ရွာပေါင်း ၂၅၀၀ ကျော်က ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ဖိလစ်ပိုင်အစိုးရက အမိန့်ထုတ်ထားပါတယ်။
တလအတွင်း လူပေါင်း ၁၅၉ ယောက်သေဆုံးခဲ့တဲ့ မုန်တိုင်းသုံးကြိမ်တိုက်ခိုက်မှု ခံခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ လက်ရှိမုန်တိုင်း တိုရာဂျီဟာ တနာရီလေတိုက်နှုန်း ၁၃၀ ကီလိုမီတာနဲ့ ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ အစိုးရရုံးနဲ့ စာသင်ကျောင်းတွေ ပိတ်ထားခဲ့ရပါတယ်။
Ref:AFP
Photo:APF

Related posts

VOM News

FREE
VIEW