နိုဝင်ဘာ ၁၁၊ ၂၀၂၄
Shy V(VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ် – မြန်မာ နယ်စပ်၊ ဆယ် ကျယ်ဂေါင် – ဆင်ဖြူ ဂိတ်ပေါက် ကနေ နိုဝင်ဘာ ၁၁ ရက်နေ့ မနက် တရုတ်စံတော်ချိန် ၈ နာရီကစ ကုန်စည် သယ်ဆောင်ခွင့် ပိတ်လိုက်သလို မူဆယ်ဘက်ခြမ်းမှာ ကုန်ပစ္စည်း တချို့ပြတ်လပ် စျေးတက် နေတာတွရှိေကြာင်း ဒေသခံတွဆီက သိရပါတယ်။
“ဆိုင်ကယ်တွ ပစ္စည်း သယ်ဆောင်လို့ မရတော့လို့ ပစ္စည်းတွေ ချပြီး ပြန်လာနကြပြီ။ မန့်ဝိန်းဂိတ်လည်း မဖွင့်ပါဘူး” လို့ ဆိုင်ကယ်နဲ့ ပစ္စည်း သယ်ဆောင်တဲ့ အမျိုးသား တယောက်က ပြောပါတယ်။
ဒီနေ့ မနက်ကစ တရုတ်ဘက်ကနေ ပစ္စည်း တင်ထားတဲ့ ဘာယာဉ်ကိုမှ မြန်မာ ဘက် ထွက်ခွင့် မပြုဘူးလို့ သူက ေပြာပါတယ်။
တရုတ်ဘက်ကတော့ ပစ္စည်း တင်ထားတဲ့ ကားငယ်ေတွနဲ့ ဆိုင်ကယ်တွေကို မန့်ဝိန်းဂိတ်ပေါက်ဘက် စီတန်းထားခိုင်းပမယ့် မြန်မာဘက်ခြမ်းက ဂိတ် မဖွင့်ပေးတာ လို့ဆိုပါတယ်။
“တရုတ်ဘက် ကနေ ဘာ ပစ္စည်း မှ ထပ်မှာ လို့ မရတော့ဘူး။ အသီးတွေက လက်ရှိ နည်းနည်း ကျန်တာ ကုန်သွားရင် မရှိတော့ဘူး။ အိမ်ဆောက် ပစ္စည်းလည်း လောလာဆယ် ထုတ်လို့ မရဘူး။ ဒါပေမယ့် အိမ်ဆောက် ပစ္စည်းက လက်ကျန်များသေတယ်” လို့ မူဆယ် အိမ်ဆောက် ပစ္စည်းနဲ့ သစ်သီး ရောင်းနတဲ့ အမျိုးသား တယောက်က ပြောပါတယ်။
စက်သုံးဆီတွေကိုလည်း တရုတ်ဘက်က တင်သွင်းမှု ကန့်သတ်လိုက်ပြီး ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်ကစ ပန့်ဆိုင်တွေမှာ အကန့်အသတ် နဲ့သာ တန်းစီဝယ်ယူရသလို အပြင်မှာ ဗူးလးတွနဲ့ ရောင်းနတဲ့ လူတွေကတာ့ ပန့်ဆီဆိုင်ထက် ၂ ဆ နဲ့ အထက် ဈေး တင်ရောင်း နေတာကြောင့် တစ်လီတာကို ကျပ် ၉၅၀၀ ကနေ ၁၅၀၀၀ အထိ ရောင်းနကြတယ်လို့ ဆိုပါတယ်။
တရုတ်ဘက် ကျယ်ဂေါင်မှာတော့ စက်သုံးဆီတွေကို မှတ်ပုံတင်နဲ့ ရောင်းပေးလာတာကြာင့် မြန်မာ နိုင်ငံသားတွေကို ရောင်းမပေးတာ့ဘူးလို့ လည်း ဆိုင်ကယ် ကယ်ရီလုပ်နသူတွေက ပြောပြပါတယ်။
“စားသုံးဆီတွ ပေး မထွက်တာ့လို့ မူဆယ်မှာ အရမ်း ဈေးတက် နေတယ်။ ကိုယ်စားဖို့ တဗူးလောက် သယ်လာဖို့ တောင် တရုတ်ဘက်က ပေးမသယ်ဘူး။” လို့ မူဆယ် ဒေသခံ အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။
ပြီးခဲ့တဲ့ လ ကတည်းက စားသုံးဆီ၊ ဆား၊ အာလူး၊ ခေါက်ဆွဲခြောက် စသဖြင့် တာရှည် ထားလို့ရတဲ့ စားသာက်ကုန်တွကိုလည်း မြန်မာဘက် သယ်ဆောင်ခွင့် ပိတ်ထားတယ်လို့ သူက ပြောပါတယ်။
မူဆယ်မှာက စိုက်ပျိုး နိုင်တဲ့ နေရာ အဆင်မပြေတာတွေကြေင့် ဟင်းသီးဟင်းရွက်ကအစ စားသာက်ကုန်ေတွကို တရုတ်ဘက်ကနေသာ ဝယ်ယူရတာကြောင့် အခက်အခဲ ပိုဖြစ်လာမှာဖြစ်ကြာင်း ဒေသခံတွက ပြောပါတယ်။
တရုတ်ဘက်ကတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ တရုတ် အချိန် မနက် ၈ နာရီကစ ဆိုင်ကယ်တွေ ကားငယ်တွနဲ့ ကုန်ပစ္စည်း သယ်ဆောင်ခွင့် လုံးဝ မပြုတော့ကြောင်း၊ အကောက်ခွန် ဌာနက ခွင့်ပြုထားတဲ့ တရားဝင် လမ်းေကြာင်း ကနေသာ ကုန်စည်တွေကို သယ်ဆောင်ခွင့် ပြုမှာ ဖြစ်ကြောင်း အသိပေးထားတာ ရှိတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၉ ရက်နေ့က တရုတ်ဘက် ရွှေလီ အစိုးရက ခရီးသည်တင်ကား၊ ဆိုင်ကယ်၊သုံးဘီး၊ လက်တွန်းလှည်း တွေနဲ့ ကုန်စည်တွေကိုကုန်စည်ဖြတ်သန်းသွားလာခွင့်မပြုတဲ့ လမ်းကြောင်းကေန ကုန် သယ်ဆောင် ခွင့်မပြုကြောင်း၊ ကျယ်ဂေါင် ကနေ ပြည်ဝင်ပြည်ထွက် ကုန်ပစ္စည်းေတွ အားလုံး ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်း ကနေသာ ဝင်ထွက်ရမည် ဖြစ်ဖြစ်ေကြာင်း၊ ကြေညာချက်အတိုင်း နိုဝင်ဘာလ ၁၁ရက်နေ့ ပေကျင်းစံတော်ချိန် မနက် ၈ နာရီ ကစအကောင်အထည်ဖော်မှာ ဖြစ်ကြောင်း ရွှေလီမြို့ပြည်သူ့အစိုးရ၊ ဂိတ်ဆိုင်ရာရုံး အသိပေး ကြေညာစာ ထုတ်ပြန်ထားပါတယ်။
Photo Crd# JLKh, ShyV