ကွာလာလမ်ပူ၊ ဇန်နဝါရီ-၂၀-၂၀၂၅
မျိုးဆက်(VOM)
မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတရပ်ကို မလေးရှားနိုင်ငံမှာ ကျင်းပခဲ့ပြီး အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံစေလွှတ်ဖို့ စီစဉ်နေပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ ယခုနှစ်အာဆီယံအလှည့်ကျဥက္ကဖြစ်တဲ့ မလေးရှာနိုင်ငံ လန်ကာဝီကျွန်းမှာ စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ အစည်းအဝေးကျင်းပခဲ့ကြပြီး မြန်မာဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီး အမြဲတမ်းအတွင်းဝန် တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်ဘက်က ရှင်းလင်းတင်ပြခဲ့ပေမယ့် မလေးရှားအပါအဝင် အာဆီယံနိုင်ငံအချို့တော့ ရွေးကောက်ပွဲထက် အပစ်အခတ်ရပ်စဲရေးကို ဦးစားပေးဖို့ တိုက်တွန်းနေကြပါတယ်။
အခြားနိုင်ငံအချို့တော့ ရွေးကောက်ပွဲကို လွတ်လပ်ပွင့်လင်းပြီး တရားမျှတဖို့ တိုက်တွန်းမှုတွေလည်း ရှိခဲ့ပါတယ်။ သူတို့တွေက ရွေးကောက်ပွဲလုပ်ချင်နေတာ သိထားတယ်။ ဒါပေမယ့် ဒီအချိန်မှာ ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဘူးဆိုတာ အရမ်းရိုးရှင်းနေတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က အစည်းအဝေးမှာ ပြောပါတယ်။
လွန်ခဲ့တဲ့လေးနှစ်က အာဆီယံနဲ့ မြန်မာအာဏာပိုင်တွေအကြား ရရှိခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ကိုလည်း မလေးရှားကတိုက်တွန်းခဲ့ပြီး အသစ်ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်တယောက်ကို မြန်မာနိုင်ငံစေလွှတ်ဖို့ စီစဉ်နေတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။
Ref:NHK/UCA
Photo:Reuters