ရန်ကုန်တိုင်းကျောင်းကားကိစ္စ အဂတိကော်မရှင်စစ်ဆေးပေးရန် တောင်းဆို

အောက်တိုဘာ ၁၈၊ ၂၀၁၈

ရန်ကုန်တိုင်း အစိုးရက တင်သွင်းခဲ့တဲ့ ကျောင်းကားတွေ ကိစ္စမှာ ဘဏ္ဍာငွေသုံးစွဲမှုနဲ့ ပတ်သက်ပြီး ကျော်စောမှုရှိနေလို့ အဂတိကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးပါလို့ မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က ထုတ်ပြန်ချက်တစောင်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာ ၁၉ ရက်၊ ၂၀၁၈ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ အဲ့ဒီထုတ်ပြန်ချက်မှာ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ကျောင်းကားအစီးရေ ၂၀၀ တင်သွင်းတဲ့အခါ အသုံးပြုတဲ့ ငွေကြေးကွာဟချက်တွေရှိနေသလို အခြားသော အချက်အလက်တွေဟာ တိုင်းပြည်ဘဏ္ဍာငွေ ဆုံးရှုံးမှု ရှိမရှိ စိစစ်စရာတွေ ဖြစ်နေတယ်လို့ ဆိုထားပါတယ်။

 

Related posts

VOM News

FREE
VIEW