ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှု အကန့်အသတ်မရှိဘူးလို့ တရုတ်သမ္မတပြော

ပေကျင်း၊ ဖေဖော်ဝါရီ-၂၅-၂၀၂၅
မျိုးဆက်(VOM)
ရုရှားနဲ့ တရုတ် ပူးပေါင်းဆောင်ရွက်မှုဟာ အကန့်အသတ်မရှိကြောင်း တရုတ်သမ္မတ ရှီကျင်းပင်က ရုရှားသမ္မတ ပူတင်နဲ့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးရာမှာ ပြောကြားလိုက်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။
ယူကရိန်းစစ်ပွဲ သုံးနှစ်ပြည့်လာပြီး စစ်ပွဲအဆုံးသတ်ရေးအတွက် သဘောတူညီချက်တရပ် အမြန်ဆုံးရယူဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တွန်းအားပေးနေချိန်မှာ အခုလို ဆွေးနွေးခဲ့ကြတာဖြစ်ပြီး နှစ်နို်ငငံအကြား မဟာမိတ်ဖွဲ့မှုနဲ့ ရေရှည်ဆက်ဆံရေးကို တတိယာအင်အားစုကြောင့် သက်ရောက်မှုရှိနိုင်မှာမဟုတ်ဘူးလို့ ပူတင်နဲ့ ရှီကျင်းပင်က အလေးပေးပြောဆိုပါတယ်။
တရုတ်-ရုရှားဆက်ဆံရေးမှာ ခို်ငမာတဲ့ ပြည်တွင်ရေးမောင်းနှင်အားနဲ့ ထူးခြားတဲ့ဗျူဟာမြောက် တန်ဖိုးတွေရှိပြီး ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမှ ဩဇာလွှမ်းမိုးခြင်းမရှိဘူးလို့ တရုတ်သမ္မတ ရှီကျင်းပင်က ပြောပါတယ်။ တရုတ်နဲ့ ရုရှားတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတွေနဲ့ နို်ငငံခြားရေး မူဝါဒတွေဟာ ရေရှည်အတွက်ဖြစ်တယ်လို့ သူကဆိုပါတယ်။
နေတိုးနဲ့ အနောက်အုပ်စုနိုင်ငံတွေ ကျောထောက်နောက်ခံပြုထားတဲ့ ယူကရိန်းနဲ့ စစ်တိုက်နေတဲ့ ရုရှားကတော့ တရုတ်နဲ့ ဆက်ဆံရေးပိုမိုနီးစပ်နေပါတယ်။၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကိုတိုက်ဖို့ ရုရှားစစ်သားတွေ မစေလွှတ်ခင် တရုတ်နဲ့ ရုရှားတို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ကြေညာခဲ့ပါတယ်။
လက်ရှိမှာတော့ ယူကရိ်နးစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်နဲ့ ရုရှားတာဝန်ရှိသူတွေဟာ ဆော်ဒီမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ထရန့်ကတော့ ယူကရိန်းစစ်ပွဲအဆုံးသတ်ရမယ်လို့ ကတိပြုထားသူဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာတော့ ယူကရိန်းနဲ့ ဥရောပနိုင်ငံတွေ မပါဝင်ခဲ့ပါဘဲ ယူကရိန်းမပါတဲ့ သဘောတူညီချက်မှန်သမျှ လက်မခံဘူးလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောဆိုထားပါတယ်။ တရုတ်နို်ငငံကတော့ အကျပ်အတည်းကို ဖြေရှင်းဖို့ သက်ဆိုင်အားလုံးရဲ့ အပြုသဘောဆောင်ကြိုးပမ်းမှုတွေကို မြင်တွေ့ရတဲ့အတွက် ကြိုဆိုတယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်က ပြောဆိုထားပါတယ်။
Ref:Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW