ဂျဲယန် စစ်ရှောင်စခန်းက ပျောက်သွားတဲ့ ကလေးသုံးယောက် အသတ်ခံခဲ့ရပြီး ကျူးလွန်သူတယောက် ဖမ်းမိထား

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅
Shy V (VOM )
လိုင်ဇာ အနီးက ဂျဲယန် စစ်ရှောင်စခန်းက ပျောက်ဆုံးသွားတဲ့ ကလေး ၃ ယောက် သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ပျောက်သွားတဲ့ ကလေး သုံးယောက် စလုံးပြန်တွေ့ပြီ။ တယောက်ကို သစ်ပင်ပေါ် ကြိုးနဲ့ ဆွဲပြီး သတ်ထားတာ။ံနှစ်ယောက်ကိုတော့ ကျောက်တုံးကို ကြိုးနဲ့ ချည်ပြီး ချောင်းထဲ နှစ် ထားတာလို့ ပြောတယ်။ တယောက်က ဒီ မနက်မှ တွေ့တာ” လို့ ဒေသခံ တယောက် က ပြောပါတယ်။
သတ်ဖြတ်ခံရတဲ့ ကလေးမလေးေတွက အသက် ၁၀ နှစ် အရွယ် မနန်းဇိန်းဂျီးဆန်မိုင်၊ မလထော်ရွယ်ဂျီ နဲ့ ၁၁ နှစ်အရွယ် မဖော်ယမ်ဆွတ်ဆိုင်းအိန် တို့ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက်က သူတို့ရဲ့ ကျောင်းဆရာမဆီ သွားခဲ့ပြီး အပြန်လမ်းမှာ ဖမ်းဆီး ပြန်ပြေးဆွဲ ခံခဲ့ရတာလို့ သူက ပြောပါတယ်။
“ပြစ်မှု ကျူးလွန်သူကို မနေ့ညက ထွက်ပြေးဖို့ ကြိုးစား နေချိန် ဒွမ်ဘုတ် နယ်စပ်ဂိတ်မှာ ဖမ်းမိတယ်လို့ပြောတယ်။ ဆက်နွှယ် ပတ်သက်နေသူတွေကို အသေးစိတ်မသိရသေးဘူး။ စစ်ဆေးနေတုန်းလို့ သိရတယ်” လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တေယာက်က ပြောပါတယ်။
ကလေးတွေ ပျောက်တဲ့ သတင်းတွေ ထွက်ပေါ်လာချိန် အဲဒီ ကလေးတွေ ရဲ့ ဆရာမ ဆီ WeChat အကောင့် အသစ်နဲ့ add လာပြီး တောထဲမှာ နွယ်ကြိုးတွေနဲ့ ကြိုးတုပ်၊ ပိတ်စနဲ့ တိပ်အကြည်နဲ့ ပါးစပ်၊ မျက်လုံး တွေ စည်းပေးထားတဲ့ ပုံ ပို့လာကာ တရုတ်ငွေ ယွမ် သုံး၊ လေးသိန်းတောင်းလာတယ်လို့ သိရကြောင်း သူက ပြောပါတယ်။
ဖမ်းဆီးရမိထားတဲ့ တရားခံက အသက် ၂၅ နှစ် အရွယ် အမျိုးသား တယောက် ဖြစ်ပြီး အရင်ကလည်း ပြစ်မှုကျူးလွန် ခဲ့ဖူးတာတွေရှိပြီး သေဒဏ် ကနေ လွတ်ငြိမ်းခွင့် လာလာသူ ဖြစ်တယ်လို့ သိရကြောင်း ဒေသခံတွေက ပြောပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW