မိုးရာသီမှာ ကွင်းလမ်းတွေ သွားလာမရလို့ မန္တလေး – မြစ်ကြီးနားလမ်း ကုန်စည်စီးဆင်းမှု အခက်ကြုံနိုင်

မေ ၁၊ ၂၀၂၅
Shy V (VOM)
မန္တလေး – မြစ်ကြီးနား လမ်းဟာ မိုးရွာရင် သယ်ယူပို့ဆောင်နိုင်ရန် အဆင်မပြေနိုင်ကြောင်း ကုန်တင် ယာဉ်မောင်းတွေဆီက သိရပါတယ်။
“အခုတော့ သွားလို့ လာလို့ ရသေးတယ်။ မိုးမရွာလို့ ရှိရင်တော့ ကွင်းလမ်းလည်း သွားလို့ရတယ်။ မိုးရွာရင်တော့ ကွင်းလမ်းတော့ မလွယ် တော့ဘူး။” လို့ ယာဉ်ပိုင်ရှင် တယောက်က ပြောပါတယ်။
လက်ရှိဝောာ့ ကုန်နဲ့ သွားရင် တခေါက်ကို ၁၅ ရက် ကနေ ၂၀ ရက်လောက် အထိ ကြာတယ်လို့ သူက ပြောပါတယ်။
စစ်ကိုင်းနဲ့ ရွှေဘို ကြားက အုန်းတောဂိတ်နဲ့ ရွာသာကြီးဂိတ်မှာတော့ ဂိတ်ကြေးတွေ အဆမတန် ကောက်ခံနေတာရှိတယ်လို့ ကုန်သည် တယောက်က ပြောပါတယ်။
“အခု ဆိုးတာက အုန်းတောဂိတ်ရယ်၊ ရွာသာကြီးဂိတ်ရယ်။ အဲဂိတ် ၂ ဂိတ်ပဲ အရမ်း ဆိုးတယ်။ ပိုက်ဆံက လည်း နဂို အတိုင်းပဲ တောင်း နေတုန်းပဲ။ တကားကိုး သုံးသိန်း၊ လေးသိန် အဲလို။ လုံးဝ ပြောင်းလဲမှု ရှိဘူး။ ကျန်တဲ့ ဂိတ်တွေက နည်းနည်း ပါးပါး ပြောင်းလဲ လာတယ်။ စကားလည်း နည်းနည်းပါးပါး ပြောကောင်းလာတယ်။” လို့ သူက ပြောပါတယ်။
“မန္တလေးနဲ့ စစ်ကိုင်း ကျော်ဖို့က တံတား ပေး မဖြတ်ဘူး။ ဇက် နဲ့ ကူးရတာပေါ့နော်။ ဇက်နဲ့ကူးရတယ်။ တစီးကို ကျနော်တို့ တွဲကား ဆိုရင် တသိန်းခွဲ၊ ၁၂ ဘီး ဆိုရင် တသိန်း။” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။
ဇက်ကူးဖို့ ကား အနည်းအများ ပေါ်မူတည်ပြီး တခါတလေ ညအိပ် တန်းရတယ်လို့ သူက ပြောပါတယ်။
မန္တလေး – မြစ်ကြီးနား ကုန်သွယ်ရာ လမ်းမကြီးရဲ့ တချို့ လမ်းပိုင်းတွေမှာ စစ်ရေး တင်းမာမှု အခြေအနေ ပေါ်မူတည်ပြီး ကြန့်ကြာတာတွေ၊ ယာယီလမ်းပိတ်တာတွေ၊ တောလမ်းကနေ ကွင်းသွားရတာတွေ ရှိပါတယ်။
Photo Crd# ယာဉ်မောင်း
#voiceofmyanmar #VOM # မန္တလေး #မြစ်ကြီးနား #လမ်း အခြေအနေ

Related posts

✕
VOM News

FREE
VIEW