နောင်ချိုက နေအိမ်တချို့ ချိပ်ပိတ် ခံရ

ဇူလိုင် ၂၉၊ ၂၀၂၅
Shy V (VOM)
နစက တပ်ဖွဲ့ ပ့န်လည် သိမ်းယူထားတဲ့ နောင်ချိုမြို့က နေအိမ် တချို့ ချိပ်ပိတ် ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နေအိမ်တွေ ချိပ်ပိတ်လိုက်တာ ဟုတ်တယ်။ TNLA တွေနဲ့ ဆက်စပ်တဲ့ သူတွေ၊ PDF လုပ်တဲ့ အိမ်တွေ လို့ သိရတယ်။
သိရသလောက် နောင်ချိုမြို့ပေါ်မှာ နေအိမ် ချိပ်ပိတ်ခံရတာ ၁၀ အိမ် ထက် မနည်း ရှိပြီလို့ သိရပြီး လတ်တလော နေ့တိုင်း လိုက်လံ ချိပ်ပိတ် တာမျိုးလည်း ရှိနိုင်တယ်လို့ဒေသခံတွေက ပြောပါတယ်
နောင်ချိုမြို့ ပေါ်က နေအိမ်တွေတင် မဟုတ်ပဲ ဘန်ဘွေးရွာက နေအိမ် တချို့လည်း ချိပ်ပိတ်ခံရတာတွေ ရှိတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ပြည်ထောင်စု လမ်းမပေါ်ရှိ ရွာတွေကလွဲပြီး တခြားရွာတွေနဲ့ နောင်ချိုမြို့ပေါ်က စစ်ရှောင်တွေ အားလုံးပြန်လို့ ရပြီဖြစ်ပြီး ပြင်ဦးလွင်မှာ ကျောင်းတက်နေရတဲ့ ကလေးတွေလည်း ပြန်ခေါ်နေပြီလို့ ဆိုပါတယ်။
“နောင်ချိုမြို့မှာက နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်ူသာူတေဠရဲ့ နေအိမ်တွေလည်း ချိပ်ပိတ်ခံရတယ်” လို့ ဒေသခံ တယောက်ကလည်း ပြောပါတယ်။
တချို့နေအိမ်တွေက လေယာဉ်ဗုံးကြောင့် ပျက်စီးသွားတာတွေလည်း ရှိတယ်လို့ သူကပြောပါတယ်။
စစ်တပ်အင်အားစု လူမှုကွန်ယက်တွေမှာတော့ TNLA သတင်ပေးအိမ်တွေကို စတင်ချိပ်ပိတ် နေပြီ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းမှာတော့ နောင်ချိုမြို့နယ်၊ သုံးဆယ်ရွာကို နစက တပ်ဖွဲ့ ဘက်က ပြန်လည် ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်းလည်း ဖော်ပြထားကြပါတယ်။
Photo Crd# ကိုခိုင်ဇော်

Related posts

VOM News

FREE
VIEW