ပေကျင်း၊ ဩဂုတ်-၁၄-၂၀၂၅
ရတီ (VOM)
တရုတ်တောင်ပိုင်းနဲ့ ဟောင်ကောင်မှာ အပူပိုင်းမုန်တိုင်း ပိုဒူကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်နေပြီး လုပ်ငန်းဌာနတွေ ရပ်ဆိုင်းထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မုန်တိုင်းကြောင့် ဟောင်ကောင်ရှိ ဆေးရုံတွေ၊ ကျောင်းတွေနဲ့ တရားရုံးတွေ လုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။ မုန်တိုင်း တိုက်ခတ်လို့ ထိုင်ဝမ်မှာတော့ လူ ၁၄၃ ယောက် ဒဏ်ရာရခဲ့ပြီး ဆိုင်းကလုန်းအဆင့်ကနေ မုန်တိုင်းအား အားလျော့သွားခဲ့ပါတယ်။
ဟောင်ကောင်တရားရုံးမှာ မီဒီယာသူဌေး ဂျင်မီလိုင် ရဲ့ ကြားနာမှု ပယ်ဖျက်ခဲ့ပါတယ်။ အမြင့်ဆုံးအဆင့် မိုးသည်းထန်စွာရွာသွန်းမှု သတိပေးချက် ထုတ်ပြန်ထားချိန်မှာ တရားရုံးအပြင်ဘက်မှာ သူ့ထောက်ခံသူတွေ ထီးတွေနဲ့ စောင့်ဆိုင်းနေခဲ့ကြပါတယ်။
ဆေးခန်းတွေလည်း နေ့လည် ၂ နာရီအထိ ပိတ်ထားခဲ့ပြီး စာသင်ကျောင်းတွေတွေကတော့ တနေ့လုံး ပိတ်ထားခဲ့ပါတယ်။ မုန်တိုင်းဟာ တရုတ်ပြည်မကြီးရဲ့ ဂွမ်ဒေါင်း ၊ ဟူနန်နဲ့ နဲ့ ကျန်ဇီ ပြည်နယ်တွေမှာ တနာရီကို ၇၀ မီလီမီတာထိ မိုးရေချိန်ရှိနေပါတယ်။
မုန်တိုင်းကြောင့် ဒေသတွင်းလေဆိပ်တွေဟာ လေယာဉ်ခရီးစဉ် ၂၀ ရာခိုင်နှုန်း ဖျက်သိမ်းထားရပါတယ်။ တရုတ်အစိုးရကတော့ သဘာ၀ ဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက် ယွမ် ၄၃၀ သန်း ထောက်ပံ့ကြောင်း ကြေညာခဲ့ပါတယ်။ ဧပြီလကစပြီး စုစုပေါင်း ယွမ် ၅.၈ ဘီလီယံကျော် သုံးစွဲခဲ့ပြီဖြစ်ပါတယ်။
မုန်တိုင်းဟာ ထိုင်ဝမ်ကို ဖြတ်ကျော်ပြီးနောက် တရုတ်အရှေ့တောင်ပိုင်း ဖူကျန် ပြည်နယ်ကမ်းခြေကို ဒေသစံတော်ချိန် ည ၁၂ နာရီ မိနစ်၃၀ မှာ ဝင်ရောက်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူတယောက် ပျောက်ဆုံးပြီး ဒဏ်ရာရသူများစွာ ရှိခဲ့ပါတယ်။
ဟောင်ကောင်မှာ ပြီးခဲ့တဲ့အပတ်က ၁၈၈၄ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံး ဩဂုတ်လမိုးရွာသွန်းမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ Guangdong မှာတော့ လူ ခုနှစ်သောင်းခွဲ ကို ရွှေ့ပြောင်းပေးခဲ့ရပြီး အနည်းဆုံး လူ ခုနှစ်ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
Ref:CNA
Photo:AP
