ဆူးငှက် ထိုအချိန်တွင် ရန်ကုန်၌ သွေးသောက်၊ မြဝတီ၊ ရှုမဝ၊ မိုးဝေ၊ ငွေတာရီ ဟူသော မဂ္ဂဇင်းများအပြင် အသစ်များလည်း ဖြိုင်ဖြိုင်ပေါ် လာကာ အပြိုင်အဆိုင် ထုတ်ဝေလာကြ၏။ ခေတ်မီ အော့ဖ်ဆက်ဖြင့် ပုံနှိပ်သော စန္ဒာမဂ္ဂဇင်းနှင့် သပြေမဂ္ဂဇင်းတို့မှာ မှောင်ခိုမှပင် ဝယ်ယူရသည်အထိ နည်းပညာပိုင်းများလည်း တိုးတက်လာကြသည်။ မဟေသီတဲ့၊ ချယ်ရီတဲ့၊ ပေဖူးလွှာတဲ့၊ စစ်ပြန်တဲ့၊ သဘင်တဲ့၊ ဂီတပဒေသာတဲ့၊ ရုပ်ရှင် အမြုတေတဲ့၊ ရုပ်ရှင်အောင်လံတဲ့၊ သောင်းပြောင်းထွေလာတဲ့၊ စံပယ်ဖြူတဲ့၊ ကလျာတဲ့၊ လုံမလေးတဲ့၊ မြတ်လေးတဲ့၊ တစ်သွင်ဆန်းစွာဖြင့် ဒဂုန်၊ ပန်တဲ့..၊ ရုပ်ရှင်နာမည်တပ် မဂ္ဂဇင်းများလည်း အသစ်အသစ်များ ဟောတစ်အုပ် ဟောတစ်အုပ်ဆိုသလို။ ဤသို့သော ထုတ်ဝေခွင့်ကတ်ရ မဂ္ဂဇင်းကြီးများအပြင် “တင်ထုတ်” နည်းနာဖြင့် မဂ္ဂဇင်းပုံစံ စာစောင်များလည်း အပြိုင်အဆိုင် ထုတ်ဝေ လာကြတော့၏။ ဤသို့ဖြင့် နာမည်မမှတ်မိလောက်အောင် မဂ္ဂဇင်းများ များပြားလာတော့…
Read MoreDay: August 14, 2025
ယူကရိန်းစစ်ပွဲ အဆုံးမသတ်ရင် ဆိုးရွားတဲ့အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ ပူတင်ကို ဒေါ်နယ်ထရန့် သတိပေး
ဝါရှင်တန်၊၊ ဩဂုတ်-၁၄-၂၀၂၅ မျိုးဆက်(VOM) ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အလက်စကာမှာပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ယူကရိန်းစစ်ပွဲရပ်တန့်ဖို့ သဘောတူညီမှုမရရင် ရုရှားအနေနဲ့ အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးလိုက်ပါတယ်။ ထရန့်ဟာ ဥရောပခေါင်းဆောင်တွေ၊ ယူကရိန်းသမ္မတ ဇီလန်စကီးတို့နဲ့ အွန်လိုင်းကနေ ဆွေးနွေးပြီးနောက် အခုလိုက် သတိပေးလိုက်တာပါ။ ဒီဆွေးနွေးမှုမှာ ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ်နဲ့ နယ်မြေဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့ကြပြီး ဂျာမနီဝန်ကြီးချုပ်က စီစဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။ ထရန့်နဲ့ပူတင်တို့ရဲ့ လာမယ့် သောကြာနေ့မှာ ထိပ်သီးဆွေးနွေးကြမှာပါ။ ရုရှားအနေနဲ့ အကောက်ခွန်တိုးမြှင့်မှုဒါမှမဟုတ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရင်ဆိုင်ရမလားလို့ ထရန့်ကိုမေးတဲ့အခါ အကျိုးဆက်တွေရှိမယ် လို့ပဲပြန်ဖြေခဲ့ပြီး အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတားမရှိပါဘူး။ ပူတင်နဲ့ လာမယ့်ထိပ်သီးဆွေးနွေးပွဲအဆင်ပြေရင် ပူတင်နဲ့ ဇီလန်စကီးတို့ကလည်း ဆန္ဒရှိမယ်ဆိုရင် သုံးပွင့်ဆိုင် ဆွေးနွေးချင်တယ်လို့ ထရန့်က ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ သူ့နိုင်ငံကို ဘယ်လိုအပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှုမှာမဆို ပါဝင်ဖို့လိုတယ်ဆိုတဲ့ သူ့ရပ်တည်ချက်ကို ထပ်ပြောခဲ့ပြီး…
Read Moreအလိမ်အညာတွေကြားက ရန်ကုန်အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်
ဩဂုတ် ၁၄ – ၂ဝ၂၅ KKO(VOM) ဂရန်အတုတွေပြုလုပ်ပြီးမြေကွက်တွေကိုလိမ်လည်ရာင်းချသူတွေရန်ကုန်မှာတနေ့ထက်တနေ့များပြားလာနေတယ်လို့အိမ်ခြံမြေ၀န်ဆောင်မှုအကျိုးဆောင်လုပ်ငန်းလုပ်ကိုင် သူတွေက ဆိုလာပါတယ်။ ဒီလိုမြေဂရန်အတု စာရွက်စာတမ်းအတုတွေနဲ့ မြေကွက်တွေကိုလိမ် လည်ရောင်းချသူတွေဟာ ပုံစံမျိုးစုံ၊နည်းလမ်းမျိုးစုံနဲ့လိမ်လည်ရောင်း ချနေကြပြီး အခုလိုအလိမ်အညာတွေကြောင့် အရောင်းအဝယ်ပွဲပျက်တာတွေကိုလည်းမကြာခဏကြုံနေရတယ်လို့ အိမ်ခြံမြေလောကသားတွေက သူတို့ကြုံတွေ့နေရတဲ့ ရန်ကုန်မြို့ရဲ့အိမ်ခြံမြေအရောင်း အဝယ်ဈေးကွက်အခြေအနေကိုပြောပြလာခဲ့ကြတာပါ။ “အခုနောက်ပိုင်းလိမ်လည်ရောင်းချတာတွေတအားများလာတယ်။ဒီလိုဖြစ်စဉ်တွေမကြာခဏကြုံနေရတယ်။ဂရန်ရောစာရွက်စာတမ်းရောအကုန်အတုလုပ်ပြီးလာရောင်းကြတာစာရွက်စာတမ်းတွေကိုအစစ်နဲ့မခြားခွဲမရအောင်ကိုလုပ်ပြီးလာရောင်းကြတယ်။နောက်အရောင်းအ၀ယ်တည့်လို့ ပွဲဖြစ်လို့စရံချပြီးရင်အဲဒီရောင်းသွားတဲ့သူတွေကိုပြန်လိုက်ရှာရင်မရှိတော့ဘူး။သူတို့ကစရံငွေယူပြီးပြေးပြီ။အဲဒီလိုဖြစ်စဉ်တွေအခုနောက်ပိုင်းအတော်လေးဖြစ်လာတယ်”လို့ ရန်ကုန်မြို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတယောက်က ပြောပြပါတယ်။ ယခုနှစ်ပိုင်းအတွင်း ရန်ကုန်မြို့ရဲ့ မြို့နယ်အချို့မှာရှိနေတဲ့ မြေကွက်တွေကိုနယ်အ၀ယ်တွေဆင်းဝယ်နေလို့ ဈေးကွက်မှာအရောင်းအဝယ်တွေသွက်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီးတော့လူလိမ်အချို့ကမြေဂရန်တွေကိုအတုအပပြုလုပ်ကာ အရောင်းအ၀ယ်စျေးကွက်မှာမြေကွက်တွေကိုစာရွက်စာတမ်းအတုတွေနဲ့လိုက် လံရောင်းချနေတာဖြစ်လို့ အဲဒီလိုလိမ်လည်ရောင်းချသူတွေကို သတိကြီးကြီးထားပြီးအရောင်းအဝယ်တွေကိုပြုလုပ်နေရတယ်လို့အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ် ကိုင်သူတွေက သတိပေးပြောဆိုထားကြပါတယ်။ ဒီလိုလိမ်လည်ရောင်းချမှုတွေများ ပြားလာတဲ့အတွက် မြေအရောင်း အဝယ်ပြုလုပ်မယ်ဆိုပါကမြေနဲ့သက်ဆိုင်တဲ့ပါမစ်၊ဂရန်အစရှိတဲ့စာရွက်စာတမ်းတွေကိုသက်ဆိုင်ရာဌာနတွေဖြစ်တဲ့အိုးအိမ်နဲ့စည်ပင်အစရှိတဲ့ဌာနတွေမှာစစ်ဆေးအတည်ပြုဖို့လိုတယ်လို့လည်း တရားလွှတ်တော်ရှေ့နေတယောက်ကအခုလိုအကြံပြုထားပါတယ်။ “မြေဂရန်တွေကိုစစ်တာက စစ်လို့ရပါတယ်။ရှေ့နေနဲ့အပ်ရမှာပေါ့။ရှေ့နေကသူ့လမ်းကြောင်းနဲ့သူစစ်သွားလိမ့်မယ်။အိုးအိမ်တို့ စည်ပင်တို့မှာစစ်ရမှာပါ။ ဒီလိုဆိုရင် ရောင်းမှား ဝယ်မှား မဖြစ်နိုင်တော့ဘူး” လို့ အိမ်ခြံမြေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ သို့သော်လည်းတချို့သောမြို့နယ်တွေမှာတော့သက်ဆိုင်ရာဌာနတွေမှာစာရွက်စာတမ်းတွေကိုစစ်ဆေးဖို့ကိစ္စကအခက်အခဲတွေများစွာရှိနေတယ်လို့ အိမ်ခြံမြေဝယ်ရောင်းလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ “အခုကဘယ်လိုဖြစ်လဲဆိုတော့ဂရန်စာရွက်တွေကိုတချို့နေရာတွေမှာစစ်ရခက်တယ်၊မစစ်ပေးတော့ဘယ်ဟာကအတု၊ဘယ်ဟာကအစစ်ဆိုတာကိုခွဲဖို့ခက်သွားတာပေါ့”လို့ ရန်ကုန်မြို့မှာမြေကွက်ဝယ်ရောင်းလုပ် ကိုင်သူတယောက်က…
Read Moreလာရှိုးနဲ့ မူဆယ်မှာ တရုတ်ကုန်စည်တွေ ဆက်တိုက် စစ်ဆေး ဖမ်းဆီးနေ
ဩဂုတ် ၁၄၊ ၂၀၂၅ Shy V (VOM) လာရှိုးနဲ့ မူဆယ်မှာ ဒီရက်ပိုင်းအတွင်း နလအ အဖွဲ့တွေက တရုတ်ကုန်တွေ ဆက်တိုက် စစ်ဆေး ဖမ်းဆီးနေကြောင်း ယာဉ်မောင်းတွေနဲ့ အဝယ်တော် တွေဆီက သိရပါတယ်။ “မူဆယ် ဆင်ဖြူပေါက်မှာလည်း ဘာမှ မရဘူး။ အကုန်ဆွဲချတယ်။ ကားနဲ့လည်းမရဘူး။ ဂိုဒေါင်တွေမှာလည်း လိုက်စစ်တယ်။” လို့ အဝယ်တော် တယောက်က ပြောပါတယ်။ မူဆယ်ကနေ အောက်ဘက် ပို့ထားတဲ့ ကုန်တွေလည်း လမ်းကြောင်း တလျှောက်မှာ ပိတ်မိနေပြီး နယ်စပ်ကို မှီခို နေကြရတဲ့ ပြည်သူတွေ အခက်ကြုံ နေရတယ်လို့ သူက ပြောပါတယ်။ “အခွန်ဆောင်ချင်တယ်လေ။ အခွန်ဆောင်လို့ ရအောင်မှ မလုပ်ပေးနိုင်တာ။ အဲလိုဖမ်းလေ မှောင်ခိုဈေးကွက်က ကြီးထွားလေ ဖြစ်မှာပဲ။ အခုက အသီးတွေပါ ဆွဲချ နေတာ။ ပိတ်တယ် ဆိုရင်…
Read Moreညောင်ရွှေမြို့နဲ့အင်းလေးမှာ ရေအတက်ကြမ်းလို့ နေအိမ်တွေ ရေကြီးနစ်မြုပ်နေပြန်
ဩဂုတ် ၁၄၊ ၂၀၂၅ GG (VOM) ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နဲ့ အင်လေးဒေသမှာ အင်းလေကန်ရေမြင့်တက်လာတာကြောင့် အင်လေးကန်အတွင်းနေအိမ်တွေမှာ ရေနစ်မြုပ်မှုတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။ ဩဂုတ် ၁၃ ရက်နေ့မှာ မိုးရွာသွန်းမှုများပြီး အင်းလေကန်ရေ မြင့်တက်လာတဲ့အတွက် ရေကြီးမှုစတင်ဖြစ်ပွားနေတာဖြစ်ကြောင်း ၊ ရေတက်နူန်းက နာရီဝက်လောက်အတွင်းမှာပင် ၁၀ လက်မလောက်နီးပါးမြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။ ယခုရက်ပိုင်း မိုးသည်းထန်စွာထပ်မံရွာသွန်းပါက လက်ရှိရေဝင်ရောက်နေတဲ့ ရပ်ကွက်တွေ ကျေးရွာတွေမှာ အရေးပေါ်ကူညီရွှေ့ပြောင်းဖို့လိုအပ်လာမှာဖြစ်တယ်လို့သိရပါတယ်။ ” ကန်ကရေမြင့်လာတော့ ညောင်ရွှေမှာလည်းရေကြီးနေပြီ။အနိမ့်ပိုင်းနေရာတွေမှာ ရေကြီးနေတာပါ။အဲဒီဘက်တွေက အခုရေက ခါးလောက်တော့အနက်ရှိတယ်။အင်းလေကန်ထဲက အိမ်တွေကတော့ တချို့တထပ်အိမ်အသေးလေးတွေကတော့ ရေမြုပ်နေပြီ။အိမ်တိုင်းတော့မဟုတ်သေးဘူး။အခြေအနေကိုစောင့်ကြည့်နေကြတယ်။အခုရေအတိုင်းရပ်နေရင်တော့ စိုးရိမ်စရာမဟုတ်သေးဘူးပေါ့။ကျွန်တော်တို့က အင်လေးကန်ရေတက်ပြီးညောင်ရွှေမြို့ပေါ်ရေတက်ပြီဆိုရင်စိုးရိမ်ရေမှတ်ရောက်ပြီဘဲ။အခုထက်ရေ ထပ်ဆိုးလာမယ် ဥပမာ တပေလောက်ထပ်တိုးမယ်ဆိုရင်ကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ရပါပြီ။အခြေအနေစောင့်ကြည့်နေပါတယ်။” လို့ ညောင်ရွှေဒေသခံကပြောပါတယ်။ လက်ရှိမှာ မိုးရွာသွန်းမှုရပ်သွားတာကြောင့် ရေကြီးနေတဲ့ ညောင်ရွှေ့မြို့ပေါ်ဒေသခံတွေနဲ့ အင်းလေးကန်အတွင်းနေထိုင်သူအချို့က ရွှေ့ပြောင်းခြင်းတွေမလုပ်သေးဘဲ အခြေအနေကိုစောင့်ကြည့်နေကြသလို နယ်မြေခံ လူမှုကူညီရေးအသင်း တွေကလည်း အခြေအနေစောင့်ကြည့်နေပြီး ကူညီနိုင်ဖို့ပြင်ဆင်ထားတယ်လို့သိရပါတယ်။ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကတော့…
Read Moreထိုင်း – မြန်မာနယ်စပ် မြဝတီမြို့မှာ စက်သုံးပြတ်လပ်၊ မဲဆောက်ဘက်မှာလည်း မြဝတီဝင်ရောက်မယ့် ကုန်ကား ရာချီပိတ်မိနေ
ဩဂုတ် ၁၄ ၊ ၂၀၂၅ GG (VOM) ကရင်ပြည်နယ်၊ ထိုင်း – မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ ဒီနေ့ ဩဂုတ် ၁၄ ရက်နေ့မနက်ပိုင်းကစပြီး စက်သုံးဆီဆိုင်တွေ အရောင်းပိတ်ထားတာကြောင့် ဆီပြတ်လပ်မှုဖြစ်ပွားပြီး ဒေသခံတွေ ဒုက္ခရောက်နေတယ်လို့သိရပါတယ်။ ” မနေ့ကညနေထိ ဝယ်ရသေးတယ်။ခုမနက်ကျ ဆိုင်တွေအကုန် ပိတ်ထားပါတယ်တဲ့။ဆီကားမဝင်လည်းရှိတဲ့ဆီကို အကန့်အသတ်လေးနဲ့ရောင်းပေးလို့ရတာကို ပိတ်လိုက်ကြပြီး စျေးတွေက တမနက်ထဲ အချိန်တိုင်းတက်သွားတယ်။” လို့ မြို့ခံတယောက်ကပြောပါတယ်။ မြဝတီမြို့အတွက် စက်သုံးဆီကို ရန်ကုန် – ဘားအံကတဆင့် သယ်ယူပို့ဆောင်ပြီး ဝယ်ယူသုံးစွဲနေရတာဖြစ်ကြောင်း ၊ လက်ရှိမှာ ဘားအံမှ မြဝတီကို စက်သုံးဆီ သယ်ယူခွင့် အဆင်မပြေတာကြောင့် မြဝတီမှာ စက်သုံးဆီ ဝယ်ယူရခက်ပြီး ဆိုင်တွေအရောင်းပိတ်တဲ့အထိရှိလာတာဖြစ်တယ်လို့သိရပါတယ်။ ယနေ့ မနက်ပိုင်းအတွင်းမှာပဲ ဓာတ်ဆီ ငါးလီတာကို ၃၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၀၀၀၀ ကျပ်အထိ…
Read Moreပါကစ္စတန်စစ်တပ်က ဒုံးကျည်တပ်ဖွဲ့သစ် ဖွဲ့စည်း
အစ္စလာမ္မာဘတ်၊ ဩဂုတ်-၁၄-၂၀၂၅ ရတီ(VOM) ပါကစ္စတန်နိုင်ငံဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ မကြာသေးမီက ပဋိပက္ခတွေဖြစ်ပွားပြီးနောက်မှာ ဒုံးကျည်တိုက်ခိုက်ရေးတပ်ဖွဲ့သစ် ဖွဲ့စည်းလိုက်ပါတယ်။ ဒါဟာ နျူကလီးယားမဟုတ်တဲ့ ရိုးရိုးစစ်ပွဲတွေအတွက် ဒုံးကျည်တိုက်ခိုက်ရေးစွမ်းရည်တွေကိုအသုံးပြုဖို့ဖြစ်တယ်လို့ တာဝန်ရှိသူတွေ့ ဆိုပါတယ်။ ဝန်ကြီးချုပ် ရှရစ်ဖ် က အင်္ဂါနေ့ညနေပိုင်းက အစ္စလာမ္မာဘတ်မြို့မှာ ကျင်းပတဲ့ အခမ်းအနားမှာ ဒုံးကျည်တပ်ဖွဲ့ ဖွဲ့စည်းမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ဒီအခမ်းအနားကို ပါကစ္စတန်ရဲ့လွတ်လပ်ရေးနေ့မတိုင်ခင် တရက်အလိုမှာ ကျင်းပခဲ့တာပါ။ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ချက်မှာတော့ ဒီတပ်ဖွဲ့ဟာ ခေတ်မီနည်းပညာတွေနဲ့ ပြည့်စုံတယ်လို့ ဆိုပါတယ်။ ဒီတပ်ဖွဲ့ဟာ ပါကစ္စတန်တပ်မတော်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရာမှာ အရေးပါတဲ့ခြေလှမ်းဖြစ်လာမယ်လို့ ဝန်ကြီးချုပ် ရှရစ်ဖ်က ပြောပါတယ်။ ဒီတပ်ဖွဲ့မှာ သီးသန့်ကွပ်ကဲမှုစနစ်ရှိမှာဖြစ်ပြီး ရိုးရိုးစစ်ပွဲတွေအတွက် ဒုံးကျည်တွေကို ကိုင်တွယ်ဖို့နဲ့ တပ်ဆင်ဖို့ အထူးတာဝန်ယူမယ်လို့ ပါကစ္စတန်စစ်တပ်တာဝန်ရှိသူက ပြောပါတယ်။ “ဒါက အိန္ဒိယအတွက်ဆိုတာ ရှင်းပါတယ်” လို့ သူက ဆိုပါတယ်။ နျူကလီးယားလက်နက်…
Read Moreမြောက်ဒဂုံက ရွှေစင်အကယ်ဒမီ ရတနာရွှေဆိုင် ဓားပြတိုက်ခံရ၊ ဓါးပြတယောက်ကို သေနတ်တဲ့အတူ ဖမ်းမိ
ဩဂုတ် ၁၄ – ၂၀၂၅ SN (VOM) ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဦးဝိစာရလမ်းက ရွှေစင်အကယ်ဒမီ ရတနာရွှေဆိုင်မှာ ဒီကနေ့ ဩဂုတ် ၁၄ ရက်၊ နေ့လယ်ပိုင်းက ဓားပြတိုက်ခံမှု ဖြစ်ပွားခဲ့တယ်လို့ မျက်မြင် တွေ့ရှိသူတွေက ပြောပါတယ်။ အဆိုပါ ဖြစ်စဥ်ဟာ ဒီကနေ့ နေ့လယ် ၁၂ နာရီကျော်ဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး လုံခြုံရေး ဝန်ထမ်းတယောက် ဓားဒဏ်ရာ ရရှိခဲ့ကာ ဓားပြတယောက်ကို သေနတ်တလက်နဲ့အတူ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ “ဓားပြတွေက ဘယ် နှစ်ယောက်လဲတော့ အတိအကျ မသိဘူး။ ကား၊ ဆိုင်ကယ်တွေနဲ့ ရောက်လာလို့တော့ သိရတယ်။ အဲဒီလမ်းက လူအရမ်းစည်တယ်။ တကယ့် လူစည်ကားတဲ့ နေရာမှာမှ ဓားပြလာတိုက်တာ။ ဆိုင်မှာ လုံခြုံရေးတွေလည်း များတယ်။ ရဲကားတွေလည်း ချက်ချင်း ရောက်လာတာ။ ဓားပြတယောက်ကို…
Read Moreတရုတ်တောင်ပိုင်းနဲ့ ဟောင်ကောင်မှာ အပူပိုင်းမုန်တိုင်းကြောင့် စာသင်ကျောင်းတွေ ပိတ်ထားပြီး လုပ်ငန်းတွေ ရပ်ဆိုင်းထားရ
ပေကျင်း၊ ဩဂုတ်-၁၄-၂၀၂၅ ရတီ (VOM) တရုတ်တောင်ပိုင်းနဲ့ ဟောင်ကောင်မှာ အပူပိုင်းမုန်တိုင်း ပိုဒူကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်နေပြီး လုပ်ငန်းဌာနတွေ ရပ်ဆိုင်းထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မုန်တိုင်းကြောင့် ဟောင်ကောင်ရှိ ဆေးရုံတွေ၊ ကျောင်းတွေနဲ့ တရားရုံးတွေ လုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။ မုန်တိုင်း တိုက်ခတ်လို့ ထိုင်ဝမ်မှာတော့ လူ ၁၄၃ ယောက် ဒဏ်ရာရခဲ့ပြီး ဆိုင်းကလုန်းအဆင့်ကနေ မုန်တိုင်းအား အားလျော့သွားခဲ့ပါတယ်။ ဟောင်ကောင်တရားရုံးမှာ မီဒီယာသူဌေး ဂျင်မီလိုင် ရဲ့ ကြားနာမှု ပယ်ဖျက်ခဲ့ပါတယ်။ အမြင့်ဆုံးအဆင့် မိုးသည်းထန်စွာရွာသွန်းမှု သတိပေးချက် ထုတ်ပြန်ထားချိန်မှာ တရားရုံးအပြင်ဘက်မှာ သူ့ထောက်ခံသူတွေ ထီးတွေနဲ့ စောင့်ဆိုင်းနေခဲ့ကြပါတယ်။ ဆေးခန်းတွေလည်း နေ့လည် ၂ နာရီအထိ ပိတ်ထားခဲ့ပြီး စာသင်ကျောင်းတွေတွေကတော့ တနေ့လုံး ပိတ်ထားခဲ့ပါတယ်။ မုန်တိုင်းဟာ တရုတ်ပြည်မကြီးရဲ့ ဂွမ်ဒေါင်း ၊ ဟူနန်နဲ့…
Read More