မလေးရှားသွားမယ့် တရားမ၀င်မြန်မာလုပ်သား ၁၅ ဦး ထိုင်းနိုင်ငံမှာ အဖမ်းခံရ

ဘန်ကောက်၊ မေ-၂- ၂၀၁၉

မျိုးဆက် (VOM)

 

 

 

ထိုင်းနိုင်ငံ ဟက်ယိုင်ခရိုင်ထဲမှာ ပစ်ကပ်ကားတစ်စီးနဲ့ တရားမ၀င်ရောက်လာတဲ့ မြန်မာလုပ်သား ၁၅ ဦးကို ထိုင်းလူမျိုး ကားမောင်းသမားနဲ့အတူ ထိုင်းရဲတွေက မေ ၁ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

 

 

ဟက်ယိုင်ခရိုင်ထဲက အာရှလမ်းမကြီးပေါ်က စစ်ဆေးရေးဂိတ်တစ်ခုမှာ ဘန်ကောက်လိုင်စင်နဲ့ Isuzu D-Max  ပစ်ကပ်ကားကို ထိုင်းရဲတွေက စစ်ဆေးဖို့ တားဆီးပေမယ့် ကားသမားက ရပ်မပေးဘဲ ပြန်ကွေ့ချိန်မှာ လမ်းချဲ့ဖို့လုပ်နေတဲ့ မြောင်းထဲကို ကားကထိုးကျခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

 

 

 

ဒီအချိန်မှာ ကားသမားက တံခါးဖွင့်ပြီး ထွက်ပြေးသွားပေမယ့် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး ရနှောင်းပြည်နယ်က အသက် ၄၀ နှစ်အရွယ် Sulak Chaosuankluay   ဆိုသူဖြစ်တယ်လို့ အတည်ပြုပါတယ်။

 

 

အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၁၄ ဦးပါဝင်တဲ့ တရားမ၀င်မြန်မာလုပ်သား ၁၅ ဦးကတော့ ပစ်ကပ်ကားရဲ့ အနောက်မှာ တာပေါ်လင်နဲ့ ဖုံးအုပ်ပြီးလိုက်ပါလာတာကို တွေ့ရှိခဲ့ပါတယ်။

မြန်မာလုပ်သားတွေကို ဟတ်ရိုင်ခရိုင်တွင်းမှာရှိတဲ့ မလေးရှားနိုင်ငံကို ဖြတ်ကူးနိုင်တဲ့ နေရာတစ်နေရာကို ပို့ဆောင်ပေးရမှာဖြစ်တယ်လို့ ထိုင်းလူမျိုး ကားမောင်းသမားက ရဲတပ်ဖွဲ့ကို ပြောပါတယ်။

 

 

ဒီလိုပို့ဆောင်ပေးဖို့အတွက် မြန်မာလုပ်သားတစ်ဦးချင်းကို ဘတ် ၃၀၀၀ ထောင်ယူခဲ့တယ်လို့ သူကပြောပါတယ်။ လက်ရှိမှာတော့ မြန်မာလုပ်သား ၁၅ ဦးနဲ့ ထိုင်းလူမျိုး ကားမောင်းသမားကို အရေးယူမှုတွေဆက်လက်လုပ်ဆောင်ဖို့အတွက် ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

 

 

Ref : Bangkok Post

Photo : Assawin Pakkawan

 

Related posts

✕
VOM News

FREE
VIEW