ပုသိမ် ၊ မတ်လ ၃ -၂၀၁၉
ကိုအောင် (VOM)
ပုသိမ်မြို့မှာ အပူဒဏ်ကိုကာကွယ်ဖို့အတွက် လူငယ်တချို့ဦးဆောင်ပြီး အပူကာ ဇာစိမ်းအမိုးတွေကို လမ်းဆုံ မီးပွိုင့်တွေနဲ့ လမ်းတချို့မှာ လိုက်လံတပ်ဆင်ပေးနေပါတယ် ။
အဲ့လိုလုပ်ဆောင်တာနဲ့ပတ်သက်ပြီး ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုရဲမင်းထူးက ” လူငယ်တွေတောင်မှ တော်တော်အပူဒဏ်ခံစားနေရတယ် ၊ လူကြီးတွေ ခရီးသွားတွေ မီးပွိုင့်တွေမှာ ရပ်တဲ့အခါ ပိတ်စိမ်းပါးလေးတွေ အုပ်ပေးလိုက်ရင် အဆင်ပြေမယ်လို့ ထင်လို့ လုပ်ဖြစ်ခဲ့တာပါ ” လို့ပြောပါတယ် ။
မြို့မိမြို့ဖများနှင့် စေတနာရှင်များစုပေါင်းပြီး အပူခံအမိုးတွေကို ကိုယ်ထူကိုယ်ထဝယ်ယူခဲ့ပြီး ဌာနဆိုင်ရာများရဲ့ ကူညီမူနဲ့အခုလို ဆောင်ရွက်ဖြစ်တယ်လို့သူကဆက်ပြောပါတယ် ။
ပုသိမ်မြို့ခံတစ်ဦးဖြစ်တဲ့ ကိုဟန်ကျော်က ” နေရောင်အပူချိန်က တအားမြင့်လာပြီ ၊ မြင့်လာတဲ့အခါကျတော့ မီးပွိုင့်ရပ်စောင့်နေတဲ့ စက္ကန့်ပိုင်းအတွင်းမှာ လူရဲ့အသားအရေကိုထိနိုင်တဲ့ အပူဒဏ်ကို ကြိုတင်ကာကွယ်ပေးတဲ့ အနေနဲ့ လုပ်တဲ့အတွက် ကြိုဆိုပါတယ်။ ကျေးဇူးလည်းတင်ပါတယ် ” လို့သူရဲ့အမြင်ကိုပြောပါတယ် ။
မြန်မာနိင်ငံမှာ ယခုနစ်အတွင်း နေ့အပူချိန်များမြင့်တက်ခဲ့ပြီး ပုသိမ်မြို့မှာတော့ဧပြီလကုန်က နစ်ပေါင်း၇၃နစ်မှာအမြင့်ဆုံးအပူချိန်၄၁ဒသမ၅ဒီဂရီစင်တီဂရိတ်ဖြစ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမူဦးစီးဌာနကထုတ်ပြန်ခဲ့ပါတယ် ။
မြန်မာပြည်အထက်ပိုင်း မန္တလေးမြို့မှာတော့ မြို့တော်စည်ပင်က အကုန်ကျခံပြီး လူစည်ကားတဲ့ မီးပွိုင့်တွေမှာ ရပ်ပြီးလမ်းကူးဖို့စောင့်ရတဲ့ ဆိုင်ကယ်တွေအတွက် အပူဒဏ်သက်သာဖို့. ဇကာစိမ်းတွေကို ပြီးတဲ့ အပတ်ကတည်းက တပ်ဆင်နေတယ်လို့ သိရပါတယ်။
#voiceofmyanmar #ပုသိမ် #အပူကာ