ရန်ကုန် မေ ၄-၂၀၁၉
သစ်တော် (VOM)
သာကေတမြို့နယ် အမှတ် ၃ ရန်ပြေရပ်ကွက်မှာ ပြည်သူ့သဘောဆန္ဒမပါဘဲ ရပ်ကျေးအုပ်ချုပ်ရေးမှူး အသစ်တင်မြှောက်ခဲ့တာကြောင့် ရပ်ကွက်နေပြည်သူ ၃၀၀၀ ခန့်ဟာ ဒီနေ့ ညနေ ၃နာရီက သာကေတမြို့နယ် မြကန်သာပန်းခြံဘေးရှိ ထွေအုပ်ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
အရင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ရပ်ကွက်ထဲမှာရှိတဲ့ စာသင်ကျောင်းအုတ်တံတိုင်းဖြိုချခဲ့မှုကြောင့် ရာထူးကထုတ်ခံရပြီး သူ့နေရာကို လူအများရဲ့ သဘောဆန္ဒမပါဘဲ ရပ်ကျေးအုပ်ချုပ်ရေးမှူးအသစ်တင်မြှောက်ခဲ့တာလို့ ဆန္ဒပြခဲ့ကြတာလို့သိရပါတယ်
“အများပြည်သူကြည်ညိုအားထားရတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းကို မြို့နယ်ထွေအုပ်ကတာဝန်မှ ရပ်စဲတာကိုကန့်ကွက်ပါတယ် သူကိုအုပ်ချုပ်ရေးမှူးအဖြစ်ပြန်လည် ပေးအပ်စေချင်ပါတယ်”လို့ ဆန္ဒပြရာတွင်ပါဝင်ခဲ့သူတစ်ဦးကပြောပါတယ်။
သူတို့ ဆန္ဒထုတ်ဖော်ရာမှာ ကျွေးကြော်သံတွေအဖြစ် ၃/ ရန်ပြေရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဝင်းကြိုင်အားပြန်လည်ခန့်ထားရေး ၊ ၃/ရန်ပြေရပ်ကွက်အများပိုင်ဘောလုံးကွင်း မြေနေရာပိုင်ဆိုင်မှု အမှုမှန်ပေါ်ပေါက်ရေး ၊ ရန်ပြေရပ်ကွက် ဘောလုံးကွင်း အများပိုင်မြေနေရာ ကျူကျော်ထားသူများအား အလိုမရှိ ၊ လူထုဆန္ဒပြည့်ရေး အောင်ရမယ်လို့ အသီးသီကြွေးကြော်ခဲ့ကြပါတယ်။
#voiceofmyanmar #သာကေတ #အုပ်ချုပ်ရေးမှူး #ဆန္ဒပြ