မန္တလေး ဧပြီ ၉-၂၀၂၆
SA(VOM)
မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း MRCCI အသင်းကြီးက ကြီးမှူးပြီး မန္တလေးနန်းရှေ့ ၆၆လမ်း ၂၂လမ်းနဲ့ ၂၃လမ်းကြား ကျုံးဘေးမှာ လမ်းလျှောက်သင်္ကြန် မဏ္ဍပ်ကျင်းပမှာဖြစ်ပါတယ်။
MRCCI မဏ္ဍပ်မှာ ရိုးရာရေကစားတာအပြင် နာမည်ကြီးအဆိုတော်တွေနဲ့ ဖျော်ဖြေပြီး သနပ်ခါးနဲ့ လက်ဖက်ကို စတုဒီသာအဖြစ်နေ့တိုင်း ဧည့်ခံမယ်လို့ ပွဲစီစဥ်သူတွေကပြောသလို ရွှေဆိုင်ပိုင်ရှင်က ရွှေကလစ်တွေမဲလက်မှတ်နဲ့ကျဲပြီး တခြားလုပ်ငန်းရှင်တွေက သူတို့ထုတ်ကုန်တွေ ဝေငှသွားမယ်လို့ ပြောပါတယ်။
မန္တလေး မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်မှာ ငလျင်ကြောင့် စိတ်ရောလူပါ ပင်ပမ်းခဲ့သမျှ ပြေပျောက်ဖို့ ရည်ရွယ်တဲ့အကြောင်းကို ကြီးမှူးကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်လတ်နဲ့ ပူးပေါင်းပါဝင်တဲ့ လုပ်ငန်းရှင်တွေက ပြောကြားထားတာကို ရှုစားနိုင်ပါပြီ။
