နမ့်ခမ်းမှာ TNLA ရဲ့ အုပ်ချုပ်ရေး ယန္တရား ပုံမှန်လည်ပတ်နေဆဲ

မေ ၂၊ ၂၀၂၆
Shy V (VOM)
တရုတ် – မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ နမ့်ခမ်းမြို့မှာ လက်ရှိ အထိ TNLA ရဲ့ အုပ်ချုပ်ရေး ယန္တရား ပုံမှန်လည်ပတ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“နမ့်ခမ်းမှာပဲ။ မြို့ထဲမှာ ပုံမှန် ပါပဲ။ ဘာမှ ထူးခြားတာ မရှိပါဘူး” လို့ နမ့်ခမ်းဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
TNLA တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို MNDAA တပ်ဖွဲ့က ထိန်းချုပ်လိုက်တယ်ဆိုတာ ကောလဟလပါလို့ သူက ပြောပါတယ်။
ဒါ့အပြင် ကွတ်ခိုင်မှာ တရုတ်အလံထောင်ထားတယ်ဆိုတာ ကိုးကန့် MNDAA အလံကို ဆိုလိုတာ ဖြစ်ကြောင်း ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
“ကွတ်ခိုင်က အလံက ကိုးကန့် MNDAA တွေရဲ့ အလံတွေပါ။ မမြင်ဖူးတဲ့ သူတွေက မသိပဲ လျှောက်ဖွ တာပါ” လို့ သူက ရှင်းပြပါတယ်။
တရုတ်နယ် စပ်ကုန်သွယ်ရေး လမ်းကြောင်းကို စိုးမိုးရန်ပြင်ဆင်နေတဲ့ MNDAA တပ်ဖွဲ့တွေဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း မဟာမိတ် TNLA သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့ကို ပြီးခဲ့တဲ့ မတ်လလယ်‌တုန်းက သိမ်းပိုက် ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။
နမ့်ခမ်းမြို့လည်း မြန်မာ – တရုတ် နယ်စပ်ရဲ့ အရေးပါတဲ့ မြို့ ဖြစ်သလို ကွတ်ခိုင်မြို့ကလည်း မြန်မာနိုင်ငံရဲ့ အရှေ့မြောက် ကုန်သွယ်ရာ လမ်းကြောင်းဖြစ်တဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နဲ့ ဆက်သွယ်ထားရာ မူဆယ် – လားရှိုး – မန္တလေး လမ်းမကြီးပေါ်မှာ ရှိကာ မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြို့လည်း ဖြစ်ပါတယ်။
Photo Crd

Related posts

Leave a Comment

VOM News

FREE
VIEW