ပခုက္ကူက ရဲ​အကြီးအကဲ​တွေ ဘာဖြစ်​နေကြသလဲ

ပခုက္ကူ -ဇွန် -၂၈-၂၀၂၆
VOM
မ​ကွေးတိုင်း ပခုက္ကူမြို့မှာ ဒီ​နေ့ ဇွန် ၂၈ ရက်ည​နေက ခရိုင်ရဲတပ်ဖွဲ့မှူးဟာ ကိုယ့်ကိုယ်ကိုယ် ကတ်​ကြေးနဲ့ထိုးတဲ့ဖြစ်စဥ်ဖြစ်လို့ အ​ရေး​ပေါ်​ဆေးရုံတင်ရသလို မြို့နယ်ရဲတပ်ဖွဲ့မှူးလည်း မြို့လယ်​ခေါင် ကားတိုက်မှုဖြစ်လို့ အ​ရေး​ပေါ်​ဆေးကုသမှုခံယူ​နေရပါတယ်။
ဒီ​နေ့ ဇွန် ၂၈ ရက် ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ခန့်က ပခုက္ကူမြို့၊ အမှတ် (၁၄) ရပ်ကွက်၊ အရင်ဇက်ဆိပ်ကိုသွားတဲ့ အုတ်ရိုးနီတံတားတောင်ထိပ်အနီးမှာ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဝင်းဟာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ရန် ကြိုးပမ်းမှုတရပ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။
ဒီဖြစ်စဥ်ကိုသိတဲ့ ရပ်ကွက်အုပ်ချုပ်​ရေးအဖွဲ့ဝင်တ​ယောက်​ပြောပြတာက
” ခရိုင်ရဲတပ်ဖွဲ့မှူး အမှတ် (၁၄) ရပ်ကွက်၊ အုတ်ရိုးနီတံတားတောင်ထိပ်နာက အကင်ဆိုင်က ကတ်ကြေးနဲ့ သံပုရာသီး တောင်းခဲ့ပြီး ကားအတွင်း ပြန်ဝင်သွားတယ်။ တပည့်​တွေကတားတယ် တပည့်​တွေ ကန်ကျောက်ဖယ်ရှားပြီး ကားတံခါးကို Lock ချတယ်။ ကတ်ကြေးနဲ့ ကိုယ့်လည်ပင်းကိုထိုး​နေတာမှာ ဆရာတော်တပါး ရောက်လာခဲ့ပြီး ​နောက်တံခါဖွင့် ​ဆေးရုံပို့လိုက်ရတယ်” လို့ပြောပြပါတယ်။
ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ အသက်အန္တရာယ် စိုးရိမ်ရမှု ရှိ၊ မရှိ အသေးစိတ်ကို လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးပါဘူး။ လောလောဆယ်​တော့ လိုအပ်တဲ့ အရေးပေါ် ဆေးကုသမှု ခံယူ​နေကြောင်း သိရပြီး ဘာ့​ကြောင့် ခုလို အဆုံးစီရင်ဖို့ ကြိုးပမ်းသလဲဆိုတာ သက်ဆိုင်ရာ တာဝန်ရှိသူ​တွေက ဆက်လက်စုံစမ်းစစ်ဆေး​နေတယ်လို့ သတင်းရရှိပါတယ်။
မေလ (၁၂) ရက်နေ့ ည (၁၀) နာရီကျော်ခန့်ကလည်း ပခုက္ကူမြို့၊ မြို့မလမ်းရှိ ‘စစ်သည်တော်’ စားသောက်ဆိုင်ရှေ့မှာ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်လင်း​ဆွေနဲ့ ညီဖြစ်သူ မောင်းတဲ့ကား တိမ်း​မှောက်လို့ ၂​ယောက်လုံး ခုချိန်ထိ ​ဆေးရုံက မဆင်းရ​သေးဘူးလို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW