နေပြည်တော်၊ ဇူလိုင်- ၁၆- ၂၀၂၆
Voice Of Myanmar
အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး တို့ပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနဲ့ ဖက်ဒရယ်ကိစ္စတွေရပ်ကို နေပြည်တော်က M Gallery ဟိုတယ်မှာ ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့ကစတင်ပြီး ဇူလိုင် ၁၈ ရက်နေ့ အထိ သုံးရက်တိုင် ဆွေးနွေးကျင်းပသွားမှာဖြစ်ပါတယ်။
” အဓိကကတော့ အိန္ဒိယနိုင်ငံရဲ့ ဖက်ဒရယ်လစ်ဆင်ကို ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ဒီမနက်မှာ ပရော်ဖက်ဆာ နှစ်ယောက်ရှိသွားပြီပေါ့နော် ရှင်းပြသွားတာ၊ ပြောရမယ်ဆိုရင် အိန္ဒိယက တကယ့်ကို အကြီးဆုံး ဒီမိုကရေစီတိုင်းပြည်ဖြစ်တယ်၊ အကြီးဆုံး ဖက်ဒရယ်တိုင်းပြည်ဖြစ်တယ်၊ သို့ပေမယ့်သူသည် သူ့ရဲ့ ကွန်စတီကျူးရှင်းထဲမှာ ဖက်ဒရယ်လို့ စာလုံးတလုံးမှ မပါဘူးပေါ့၊ ဒါပေမယ့် ဖက်ဒရယ်အနှစ်သာရတွေကို ပြည့်ပြည့်စုံစုံနဲ့သွားနေတဲ့နိုင်ငံဖြစ်တယ်၊ သူ့ထဲမှာ ဖက်ဒရယ်တွေကို ဘယ်လိုကျင့်သုံးသလဲ ဘယ်လိုပုံစံမျိုးနဲ့ သွားနေတာလဲဆိုတာတွေရှင်းပြတယ်၊ မြန်မာပြည် အနေနဲ့လည်း အိန္ဒိယနိုင်ငံရဲ့ ဖက်ဒရယ်လစ်ဆင်ကို လေ့လာခြင်းအားဖြင့် တချို့ဟာတွေကျ အချိုးမညီတဲ့ ဖက်ဒရယ်တွေဖြစ်တယ်ပေါ့နော်၊ တနေရာနဲ့တနေရာ ချဥ်းကပ်ပုံခြင်းက မတူဘူးဥပမာ အရှေ့မြောက်ဒေသဖြစ်တဲ့ နာဂမှာ နာဂနဲ့ လိုက်ဖက်တဲ့ပုံစံတွေလုပ်တယ်၊ မဏိပူရ်မှာ မဏိပူရ်နဲ့လိုက်ဖက်တဲ့ပုံစံမျိုးတွေလုပ်တယ်၊ ဒါမျိုးပုံစံတွေလုပ်ထားခြင်းအားဖြင့် အားလုံးပြေလည်နိုင်တာပေါ့နော် ကျနော်တို့တိုင်းပြည်ကလည်း တနေရာနဲ့ တနေရာက လိုအပ်ချက်တွေမတူဘူး ထိပ်မှာရှိတဲ့ ကချင်နဲ့ အောက်မှာရှိတဲ့ ကရင်နဲ့ ပုံစံတွေက မတူနိုင်တဲ့အခါ အိန္ဒိယရဲ့ အချိုးမညီဖက်ဒရယ်ပုံစံကို ကျနော်တို့ လေ့လာခြင်းအားဖြင့် ကျနော်တို့တိုင်းပြည်မှာလည်း အချိုးမညီဖက်ဒရယ်ကို ဘယ်လိုပုံစံမျိုး လုပ်ယူရင်ရနိုင်မလဲ ဆိုတာတွေကို လေ့လာခွင့်ရခဲ့ပါတယ်” NDF ပါတီဥက္ကဋ္ဌဟောင်း နိုင်ငံရေးလေ့လာသူ ဦးထက်အောင်ကျော် က ဆိုပါတယ်။
ဒီပွဲမှာ အမျိုးသားလွှတ်တော်က လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး၊ ပြည့်သူ့လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅ ဦး၊ ပြည်ထောင်စုအတိုင်ပင်ခံပုဂ္ဂိုလ်တွေ၊ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ် ၁၅ ယောက်၊ တိုင်း ရင်းသား ပါတီခေါင်းဆောင်တွေအပြင် အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေအပါအဝင် လူဦးရေ ၁၀၀ နီးပါးက ဆွေးနွေးသုံးသပ်သွားမှာဖြစ်တဲ့အတွက် ဆက် လက်အကောင်အထည်ဖော်မယ်ဆိုရင် မဖြစ်နိုင်စရာမရှိဘူးလို့ မျှော်လင့်ကြောင်း ဦးထက်အောင်ကျော် က ဆိုပါတယ်။
အဲ့ဒီပွဲကို တက်ရောက်ခွင့်ရသူတဦးကတော့ ” ဒီဆွေးနွေးပွဲကတော့ တော်တော်ကို ပညာရပါတယ် ဒါမျိုးဆွေးနွေးပွဲတွေ များများလုပ်ပေးနိုင်ရင် ကျနော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်အရေးမှာ အကျိုးများများရမယ်လို့ ” ပြောပါတယ်။
ဆွေးနွေးပွဲမှာတော့ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အတွေ့အကြုံတွေထဲက ရရှိနိုင်တဲ့အဓိက အကြောင်း အရာတွေ၊ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆင့်ကဲဖြစ်ပေါ်လာပုံ၊ အိန္ဒိယနိုင်ငံရဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ၊ ဖက်ဒရယ်စနစ်မှာ မတူကွဲ ပြားမှုတွေကို စီမံဆောင်ရွက်ခြင်း၊ စတဲ့ ခေါင်းစဥ်တွေအောက်ကနေ သက်ဆိုင်ရာ ကဏ္ဍတွေအပါအဝင် အမေးအဖြေ ကဏ္ဍတွေကိုပါ ထည့်သွင်းဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒုတိယနေ့မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အုပ်ချုပ်မှုမှာ ဒီမိုကရေစီအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ၊ ဖက်ဒရယ်စနစ်၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှု၊ နှိုင်းယှဥ်သုံးသပ်ချက်တွေနဲ့ ရရှိတဲ့ သင်ခန်းစာများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဥပဒေပြုရေးလုပ်ငန်းစဥ် ဆိုတဲ့ ခေါင်းစဥ်တွေအောက်ကနေ အစီအစဥ်လိုက် သုံးသပ်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။
