တရုတ်ဘက် ဖမ်းဆီးခံရလို့ ကချင်နယ်စပ်ဘက် ပြန်ပို့ခံရတဲ့သူတွေ KIAရဲ့ စစ်သားစုဆောင်းခံရ

စက်တင်ဘာ ၅၊ ၂၀၂၆
Shv(VOM)
တရုတ်ဘက်မှာ ဖမ်းဆီးခံရလို့ ကချင်နယ်စပ်ဘက် ပြန်ပို့ခံရတဲ့သူတွေ စစ်သားစုဆောင်းခံရကြောင်း ပြန်ပို့ခံရသူတွေဆီက သိရပါတယ်။
“လွယ်ဂျယ်ဘက် ပြန်ပို့ခံရတာ။ ကျမတို့ ၉ ယောက်။ အကုန်လုံးကို KIA တပ်ထဲ ခေါ်သွားတာ” လို့ ပြန်ပို့ခံရသူ အမျိုးသမီး တယောက်က ပြောပါတယ်။
သူတို့ တပ်ထဲ ခေါ်သွား ခံရသူတွေကို ၆ လ ‌ခန့် အလုပ်လုပ်ပေးရမယ်လို့ ပြောတယ်လို့ သူက ပြောပါတယ်။
စကားမပေါက်တဲ့ သူနဲ့ ကလေး မိခင်တွေကိုပဲ ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။
“တရုတ်ဘက် လူသတ်မှု ဖြစ်လို့ မြန်မာ နိုင်ငံသားတွေကို လိုက်စစ်ပြီး ဖမ်းပို့နေတာလို့ ပြောတယ်။” လို့ နယ်စပ်ဒေသခံ တယောက်ကလည်း ပြောပါတယ်။
လူသတ်မှုနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရပေမယ့် လတ်တလော စိုက်ခင်းတွေဘက် အပါအဝင် ရင်ကျန်း၊ ကျန်းဖုန်း၊ ရွေလီ စတဲ့ နေရာအနှံ့ အဖမ်းအဆီး များနေတာ လို့ သူက ပြောပါတယ်။
မူဆယ်နယ်စပ် ဂိတ်မှာလည်း နေ့စဉ်နီးပါး ပြည်တော်ပြန်တွေ ပြန်ပို့ခံနေရတယ်လို့ နယ်စပ် ဒေသခံတွေက ပြောပါတယ်။

တရုတ်ဘက်မှာတော့ နေထိုင်ခွင့် သက်တမ်းလွန်တာတွေ၊ ခိုးပေါက်ကနေ ဝင်ရောက်လာပြီး နေထိုင်ခွင့် အထောက်အထား မရှိတာတွေကို ဖမ်းဆီးကာ မြန်မာဘက် ပြန်ပို့တဲ့အပြင် ပြစ်မှုကျူးလွန်ပြီး ထောင်ဒဏ် ကျခံပြီးသွားသူတွေကိုလည်း ပြန်ပို့နေတာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW