တန့်ယန်းမှာ စက်သုံးဆီခွဲတမ်း မလုံ​လောက်လို့ ​မှောင်ခို​ဈေးနဲ့ ထည့်​နေရ

စက်တင်ဘာ ၂၁-၂၀၂၆
CM(VOM)
ရှမ်းမြောက်တန့်ယန်းမှာ စက်သုံးဆီတွေကိုQRစနစ်နဲ့ PPRDက သတ်မှတ်တဲ့ ရည်ညွန်းစျေးအတိုင်း ရောင်းပေးနေတယ်ဆိုပေမယ့် ဆီဆိုင်တဆိုင်ကို တရက်လောက်ပဲရောင်းပေးကြလို့လိုင်စင်ကားတွေဟာ အပြင်ပေါက်စျေးနဲ့ဆီထည့်နေရတယ်လို့သိရပါတယ်။
စက်တင်ဘာလ(၁၅)ရက်ကစပြီး တန့်ယန်းမြို့နယ်အတွင််းက ခွဲတမ်းရတဲ့ဆီဆိုင်(၆)ဆိုင်မှာ သက်သာတဲ့ရည်ညွှန်းစျေးအတိုင်းအလှည့်ကျ အသီးသီးရောင်းချပေးခဲ့ပါတယ်။ ဆီအရောင်းဆိုင်ရှေ့မှာလာတန်းတဲ့ကားတွေဟာ လိုင်စင်ရှိတွေရော ၊လိုင်စင်မဲ့တွေပါရောနှောတန်းစီခဲ့ပြီး ဆီထည့်ကြတာကြောင့် တရက်အတွင်းမှာပဲဆီခွဲတမ်းကုန်သွားလို့ လိုင်စင်ကားအချို့အပြင်ပေါက်စျေးအတိုင်းပဲ ဝယ်သုံးနေရတယ်လို့ ရပ်ကွက်(၄)မှာနေတဲ့ အမျိုးသားတယောက်ကပြောပါတယ်။
“ဆီထည့်ဖို့ တန်းစီတာ ကိုယ့်ရှေ့ကအစိုးရဝန်ထမ်းတွေရဲ့ကားတွေနဲ့ ဘုန်းကြီးကျောင်းတွေကကားတွေကို လိုင်စင်ရှိတာကော၊ မရှိတာတွေကိုကောထည့်ပေးတယ်။ ဆီခွဲတမ်းကုန်တာနဲ့ရပ်ပြီဆိုတော့ ကျ​​နော်တို့အလှည့်က မကျတော့ဘူး။နောက်ရက်သွားထည့်ရင် အဲ့ဒီစျေးနဲ့မရတော့လို့ကျွန်တော်တို့လို လိုင်စင်ရှိယာဉ်တွေအတွက်နစ်နာတယ်လေ”လို့သူကပြောပါတယ်။
“မြို့အနေနဲ့ရတဲ့ခွဲတမ်းကနည်းတယ်။ တမြို့လုံးအတွက်ဆီဘောက်ဆာတစီးစာလောက်ပဲရပြီး တဆိုင်ကိုတရက်ရောင်းစာလောက်ပဲရတော့ ခွဲတမ်းကုန်ရင်ရပ်ရတော့တာပေါ့။ ဝန်ထမ်းတွေရဲ့ကားတွေ၊ ဘုန်းကြီးကျောင်းကကားတွေနဲ့ ပရဟိတကားတွေကိုလည်းရောင်းပေးရတာဆိုတော့တခြားမြို့တွေပုံစံလိုအတိအကျလုပ်ဖို့အဆင်မပြေပါဘူး”လို့ ရပ်ကွက်(၅)ကဆီဆိုင်ပိုင်ရှင်တယောက်ကပြောပါတယ်။
တန့်ယန်းမှာ PPRDရည်ညွှန်းစျေးနဲ့ 92(၄၅၃၉)ကျပ်၊95(၄၆၅၅)ကျပ်၊ပရီမီယံ(၅၇၆၉)ကျပ်၊ရိုးရိုးဒီဇယ်(၄၈၅၀)ကျပ်တို့နဲ့ရောင်းပေးကြပြီးပြင်ပပေါက်စျေးတွေက92(၇၀၀၀)ကျပ်95(၈၅၀၀)ကျပ်၊ပရီမီယံ(၇၀၀၀)ကျပ်တို့ဖြစ်ပါတယ်။
ရှမ်းမြောက်မှာ လိုင်စင်ရှိယာဉ်တွေကို QRစနစ်နဲ့သက်သာတဲ့စျေးနှုန်းအတိုင်းရောင်းချပေးဖို့ခွဲတမ်းရတဲ့မြို့တွေက တန့်ယန်း၊ လားရှိုး၊နောင်ချိုနဲ့မိုင်းရယ်မြို့တို့ဖြစ်ပြီး တန့်ယန်းကလွဲတခြားမြို့တွေမှာ လိုင်စင်ကားတွေသက်သာတဲ့စျေးနှုန်းအတိုင်းဆီထည့်လို့ရနေသေးတယ်လို့ သိရပါတယ်။
“လားရှိုးမှာတော့ လိုင်စင်ရှိဆိုရင်အဲ့စျေးနှုန်းအတိုင်းထည့်လို့ရနေပြီးလိုင်စင်မဲ့တွေဆိုရင်တော့အပြင်ပေါက်စျေးနဲ့ထည့်ရတာပေါ့။ဒီကဆီစျေးတွေက သိပ်မကွာကြလို့သူ့ဟာနဲ့သူတော့အဆင်ပြေနေကြတာပဲ”လို့ လားရှိုးဒေသခံတယောက်ကပြောပါတယ်။

တန့်ယန်းမှာယာဉ်အသုံးပြုသူများသလို ဆီဆိုင်တွေလည်းများကြောင်း၊ တမြို့နယ်လုံးမှာ လိုင်စင်ရ စက်သုံးဆီဆိုင်(၁၄)ဆိုင်လောက်ရှိပြီးလျှောက်ထားဆဲဆီဆိုင်တွေလည်းရှိသလိုရပ်ကွက်တွေအတွင်းမှာ ရောင်းချနေကြတဲ့အသေးစားဆီဆိုင်တွေလည်း ဆယ်ချီရှိတယ်လို့သိရပါတယ်။
ရှမ်းမြောက်မှာတန့်ယန်းမြို့အပါအဝင်မြို့တိုင်းမှာအ သုံးပြုနေကြတဲ့ယာဉ်တွေက လိုင်စင်ရှိတာနည်းပြီး လိုင်စင်မဲ့တွေကများနေတာကြောင့် စက်သုံးဆီအရောင်းဆိုင်တွေကလည်း အဆင်ပြေသလို ရောင်းဝယ်ဖောက်ကားနေကြတယ်လို့ သိရပါတယ်။

Related posts

✕
VOM News

FREE
VIEW