မန္တလေး၊ အောက်တိုဘာ- ၂၂- ၂၀၂၆
SA(VOM)
ဒီနှစ်သီတင်းကျွတ်ပွဲတော်အတွက် မြန်မာ့ရိုးရာ လက်လုပ်မီးပုံလေးတွေကို ဒီဇိုင်းအသစ်တွေနဲ့ ဖန်းတီးထားပြီး ပြန်လည်ဆန်းသစ်လာသလို မန္တလေးမှာ သီတင်းကျွတ်ပွဲတော်မတိုင်ခင်က တည်းက ရောင်းချသူတွေနဲ့ ဝယ်ယူသူတွေ စည်ကားလို့နေပါတယ်။
ဒီ ရိုးရာလက်လုပ် မီးပုံးလေးတွေရောင်းချတဲ့စျေးတန်းကတော့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၈၆ လမ်း၊ ၄၀ လမ်းနဲ့ ၄၁ လမ်းကြားမှာ တည်ရှိတာဖြစ်ပါတယ်။
ဒါအပြင် မန္တလေးမြို့ရဲ့ နေရာအနှံ့အပြားမှာလည်း သီတင်းကျွတ်ပွဲတော်အတွက် ရာသီစာဖြစ်တဲ့ မီးပုံးပျံ၊ လက်လုပ်မီးအိမ် အစုံကိုလည်း ရောင်းချနေတာကို တွေ့ရပါတယ်။
ကုန်စျေးနှုန်းတွေတက်လာတာကြောင့် ခါတိုင်းနှစ်တွေကထက်စာရင် မီးပုံးစျေးတွေ အနည်းငယ်တက်လာတယ်လို့လည်း မီးပုံးရောင်းချသူတွေက ပြောပါတယ်။
