သိန္နီမှာ ကိုးကန့်အဖွဲ့က အိမ်ထောင်စု စာရင်းကို ကြည့်ပြီး တအိမ် တယောက် စစ်မှုထမ်းကောက်

နိုဝင်ဘာ ၄၊ ၂၀၂‌၆
Shy V (VOM)
သိန္နီမှာ ကိုးကန့် MNDAA တွေက သူတို့ လုပ်ထားပေးတဲ့ အိမ်ထောင်စု စာရင်းကို ကြည့်ပြီ တအိမ် တယောက် စစ်မှုထမ်း ကောက်လာပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကိုးကန့်တွေ သန္နီမှာ စစ်မှုထမ်းကောက်နေတယ်။ တအိမ်တယောက် မပါမဖြစ် တာဝန်ထမ်းရမယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ကိုးကန့် MNDAA တပ်ဖွဲ့က ပြုလုပ်ပေးထားတဲ့ အိမ်ထောင်စု စာရင်းကိုကြည့်ပြီး စစ်မှုထမ်း ကောက်နေတာလို့ သူက ပြောပါတယ်။
“မနေ့က စကောက်နေတာ။ ရပ်ကွက် အုပ်ချုပ်‌ေရးမှူးတွေကို ခေါ်ပြောနေပြီလို့ သိရတယ်” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။
ဒေသခံ မဟုတ်တဲ့သူ‌ေတွတော့ မပါဘူးလို့ သိရတယ်လို့ သူက ပြောပါတယ်။
အရင်ကကျတော့ ရပ်ကွက်အလိုက် တရပ်ကွက် ဘယ်လောက်ဆိုပြီး သွားရတာ ဖြစ်ပေမယ့် လက်ရှိမှာက တအိမ် တယောက် ဖြစ်သွားတယ်လို့ ပါတယ်။
MNDAA တပ်ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိန္နီမြို့ကို သိမ်းပိုက်ပြီးနောက် ဒေသတွင်း အုပ်ချုပ်ရေးယန္တရားနဲ့ အိမ်ထောင်စုစာရင်း၊ ဒေသခံ မှတ်ပုံတင်တွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Related posts

✕
VOM News

FREE
VIEW