၂၀၀၈ ခြေ၊ဥ ပြင်ဆင်ရေးအပေါ် သူရဦးရွှေမန်းပြောဆိုချက်

နေပြည်တော်၊ သြဂုတ် ၅- ၂၀၁၉

ကိုထွန်း(VOM)

 

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းရှိ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းညှိနှိုင်းဖို့လိုကြောင်း သူရဦးရွှေမန်းက ပြောပါတယ်။

 

ပထမအကြိမ်လွှတ်တော်မှာ  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်းတာဝန်ယူခဲ့စဉ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးလုပ်ဆောင်ခဲ့ကြပြီး ပုဒ်မတစ်ခုနဲ့ အချက် ၅၄ ချက်ကို ပြင်ဆင်နိုင်ခဲ့ပါတယ်။ အခု အစိုးရလက်ထက်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်နိုင်မလားဆိုတဲ့အပေါ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးကြောင်း သူရဦးရွှေမန်းက ပြောဆိုပါတယ်။

 

#voiceofmyanmar #သူရဦးရွှေမန်း #၂၀၀၈ ခြေ၊ဥ

Related posts

✕
VOM News

FREE
VIEW