တစ်နှစ်မှာတစ်ရက်တည်း ကျင်းပတဲ့ မန္တလေးမြို့က မနှဲလေးပွဲ (ခေါ် )အိုးပုတ်ပွဲတော်

မန္တလေး၊ ဩဂုတ် ၈-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်မှာ နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်နေ့ တစ်ရက်တည်းသာ ကျင်းပတဲ့ မနှဲလေးပွဲ (ခေါ် )အိုးပုတ်ပွဲတော် ကျင်းပဖြစ်ခဲ့ပုံကို ရိုက်ကူးဖော်ပြထားပါတယ်။

 

တစ်ဆင့်စကားတွေအရ မင်းတုန်းမင်းကြီးလက်ထက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး တောင်ပြုန်းပွဲတော်ကို သွားရောက်ရောင်းချမယ့် စဥ့်အိုး၊ မြေအိုးသည်တွေဟာ အဲဒီနေရာမှာ ခရီးတထောက်နားချိန် ဒေသခံတွေက ဝယ်ယူကြရင်းက အခုလို အိုးပုတ်ပွဲဖြစ်လာခဲ့တာပါ။

 

အိုးပုတ်ပွဲကို အရင်က အိုးပုတ်ခိုးပွဲလို့လည်း ခေါ်ကြပါတယ်။ ရိုးရာမပြတ် နှစ်စဉ်ကျင်းပလာခဲ့တဲ့ အိုးပုတ်ပွဲဟာ ဒီနှစ်မှာ ပိုရောင်းရတယ်လို့ အိုးပုတ်သည်တွေဆီက သိရပါတယ်။

 

#voiceofmyanmar #မန္တလေး #အိုးပုတ်ပွဲ

Related posts

✕
VOM News

FREE
VIEW