တစ်နှစ်မှာတစ်ရက်တည်း ကျင်းပတဲ့ မန္တလေးမြို့က မနှဲလေးပွဲ (ခေါ် )အိုးပုတ်ပွဲတော်

မန္တလေး၊ ဩဂုတ် ၈-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်မှာ နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်နေ့ တစ်ရက်တည်းသာ ကျင်းပတဲ့ မနှဲလေးပွဲ (ခေါ် )အိုးပုတ်ပွဲတော် ကျင်းပဖြစ်ခဲ့ပုံကို ရိုက်ကူးဖော်ပြထားပါတယ်။   တစ်ဆင့်စကားတွေအရ မင်းတုန်းမင်းကြီးလက်ထက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး တောင်ပြုန်းပွဲတော်ကို သွားရောက်ရောင်းချမယ့် စဥ့်အိုး၊ မြေအိုးသည်တွေဟာ အဲဒီနေရာမှာ ခရီးတထောက်နားချိန် ဒေသခံတွေက ဝယ်ယူကြရင်းက အခုလို အိုးပုတ်ပွဲဖြစ်လာခဲ့တာပါ။   အိုးပုတ်ပွဲကို အရင်က အိုးပုတ်ခိုးပွဲလို့လည်း ခေါ်ကြပါတယ်။ ရိုးရာမပြတ် နှစ်စဉ်ကျင်းပလာခဲ့တဲ့ အိုးပုတ်ပွဲဟာ ဒီနှစ်မှာ ပိုရောင်းရတယ်လို့ အိုးပုတ်သည်တွေဆီက သိရပါတယ်။   #voiceofmyanmar #မန္တလေး #အိုးပုတ်ပွဲ

Read More

အာဖဂန်မှာ တာလီဘန်တွေ ဗုံးခွဲတိုက်ခိုက် လူ ၁၄ ဦးသေဆုံး ၁၅၀ ဒဏ်ရာရ

ကဘူး၊ သြဂုတ်-၈-၂၀၁၉ မျိုးဆက် (VOM)   အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့ရှိ ရဲစခန်းတစ်ခုရဲ့ အပြင်ဘက်မှာ  ကြီးမားတဲ့  ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် ၁၄ ဦးထက်မနည်းသေဆုံးသွားပြီး ၁၅၀ ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။   ပေါက်ကွဲမှုကြောင့် အနက်ရောင်းမီးခိုးလုံးကြီးတွေ ထွက်ပေါ်ခဲ့ပြီး အနီးအနားရှိ အဆောက်အဦတွေလည်း ပျက်စီးသွားပါတယ်။ ဒဏ်ရာရသူအများစုကတော့ အရပ်သားအများစုဖြစ်တယ်လို့ ဆိုပါတယ်။   အဲဒီတိုက်ခိုက်မှုကို ကြိုးကိုင်လုပ်ဆောင်ခဲ့တာလို့ တာလီဘန်အဖွဲ့က ပြောပါတယ်။  ၁၈ နှစ်နီးပါး ကြာမြင့်ပြီဖြစ်တဲ့ အာဖဂန်စစ်ပွဲအဆုံးသတ်ရေးရည်ရွယ်တဲ့  အမေရိကန်နဲ့ တာလီဘန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နေတဲ့ကြားမှာ ဒီလို ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပေါ်လာတာဖြစ်ပါတယ်။   တိုက်ခိုက်မှုမှာ ကားဗုံးကိုအသုံးပြုခဲ့တာဖြစ်တယ်လို့ အာဖဂန်နစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါပေမယ့် သမာရိုးကျ ကားဗုံးထက်ပိုမိုကြီးမားတဲ့ ထရပ်ကားတစ်စင်းနဲ့ သယ်ဆောင်လာတဲ့ ဗုံးကိုဖောက်ခွဲခဲ့တာလို့ တာလီဘန်တွေက အခိုင်အမာဆိုပါတယ်။   ဒီဗုံးခွဲတိုက်ခိုက်မှုဟာ…

Read More

ရှစ်လေးလုံးအရေးတော်ပုံမှာ ကျဆုံးခဲ့သူတွေအတွက် အထိမ်းအမှတ်ကျောက်တိုင်နဲ့ ရင်ပြင်တည်ဆောက်မယ်

ပုသိမ်၊ သြဂုတ် ၈ – ၂၀၁၉ ကိုအောင် (VOM)   ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံမှာ ကျဆုံးခဲ့ကြသူတွေအတွက် အထိမ်းအမှတ် ကျောက်စာတိုင်နဲ့ ရင်ပြင်တည်ဆောက်သွားဖို့ ရှစ်လေးလုံးအင်အားစု (ဧရာဝတီ)က တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့ သိရပါတယ်။   တစ်နိုင်ငံလုံးက ဒီမိုကရေစီအတွက်လှုပ်ရှားရင်း အသက်ပေးလှူသွားတဲ့ ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပုသိမ်မြို့ မဟာဗန္ဓုလလမ်းပေါ် ကန်သုံးဆင့်အနီးက မြေနေရာကို တောင်းဆိုထားတာဖြစ်ပါတယ်။  အဲဒီ တည်ဆောက်မှု ကုန်ကျစရိတ်အတွက် ၈၈ မျိုးဆက်တွေက အလှူငွေကောက်ခံသွားမယ်လို့ သိရပါတယ်။   “အစိုးရအဖွဲ့ကလည်း ရင်ပြင်တည်ဆောက်ဖို့ ခွင့်ပြုပေးမယ် ကြားထားပါတယ်။  မကြာခင် တည်ဆောက်သွားမှာပါ။  မြန်မာတစ်နိုင်ငံလုံးက ဒီမိုကရေစီအတွက် အသက်ပေးခဲ့တဲ့ လူအားလုံးအတွက် ရည်ရွယ်ပါတယ်။”လို့ ရှစ်လေးလုံးအရေးတော်ပုံ အင်အားစု (ဧရာဝတီ) ဦးဆောင်သူ ဦးမြင့်စိုးက ပြောပါတယ်။   ဒီနေ့ သြဂုတ် ၈ ရက်မှာ…

Read More

ကက်ရှ်မီးယားအရေးကြောင့် အိန္ဒိယသံအမတ်ကြီးကို ပါကစ္စတန် နှင်ထုတ်မယ်

အစ္စလမ္မာဘက်၊ သြဂုတ်-၈-၂၀၁၉ မျိုးဆက် (VOM)   ပါကစ္စတန်နိုင်ငံဟာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးကို နိုင်ငံအတွင်းကနေ နှင်ထုတ်တော့မှာဖြစ်သလို နှစ်နိုင်ငံ ကုန်သွယ်မှုကို ရပ်ဆိုင်းမယ့် အစီအစဉ်ကိုလည်း ကြေညာလိုက်ပြီး အငြင်းပွားဖွယ် ကက်ရှ်မီးယားဒေသအရေးနဲ့ ပတ်သက်လို့ နှစ်နိုင်ငံအကြား ပိုမိုတင်းမာနေပါတယ်။   အိန္ဒိယနိုင်ငံက အုပ်ချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အထူးဖွဲ့စည်းပုံဆိုင်ရာ ဒေသတွင်း ကိုယ်ပိုင် အုပ်ချုပ်မှုကို ပယ်ဖျက်ဖို့  သြဂုတ် ၆ ရက်မှာ  အိန္ဒိယအစိုးရက ဆုံးဖြတ်လိုက်ပြီးနောက် အဲဒီဒေသကို ထိန်းချုပ်ထားပါတယ်။   မိုဘိုင်းဖုန်းဆက်သွယ်မှုတွေနဲ့  အင်တာနက်ဆက်သွယ်ရေးတွေဟာလည်း သြဂုတ် ၄ ရက်ကတည်းက ပြတ်တောက်နေသလို လမ်းတွေပေါ်မှာလည်း သောင်းနဲ့ချီတဲ့ အိန္ဒိယတပ်ဖွဲ့ဝင်တွေက ကင်းလှည့်နေကြပါတယ်။   ဆက်သွယ်ရေးပြတ်တောက်မှုတွေနဲ့  ညမထွက်ရ အမိန့်ထုတ်ပြန်ထားပေမယ့်လည်း  ဆန္ဒပြမှုတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်တဲ့  ဖြစ်စဉ်တွေရှိတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။   ကက်ရှမီးယားဒေသရှိ မိသားစုတွေနဲ့…

Read More

အရပ်သားအစိုးရတက်လာပေမယ့်လည်း ရှစ်လေးလုံးရဲ့ရည်မှန်းချက်တွေ ဝေးနေဆဲ

မန္တလေး၊ သြဂုတ် ၈ – ၂၀၁၉ ဖြူဖြူ (VOM)   အရပ်သားအစိုးရလက်ထက် ရောက်လာပေမယ့် ၈၈၈၈ ရဲ့ရည်မှန်းချက်က ဝေးနေဆဲဖြစ်ပြီး သူတို့ရဲ့ ရာထူးအာဏာ တည်မြဲဖို့အတွက်ပဲ လုပ်နေတယ်လို့မြင်ကြောင်း ၈၈ မျိုးဆက်အချို့က ဝေဖန်ပြောဆိုပါတယ်။   “အန်အယ်လ်ဒီ အာဏာရထားတယ်ဆိုတာက မဲနိုင်ထားတာပဲရှိတယ်၊ ဘာမှလုပ်ပိုင်ခွင့် အာဏာမရှိဘူး။ ရှိအောင်လည်း လုပ်နိုင်ပုံမရဘူး။ ဒီအာဏာလေးတည်မြဲဖို့ လုပ်နေတယ်လို့ပဲ အောက်မေ့တယ်။ ပြည်သူလူထုအတွက် သိပ်လုပ်ပေးနိုင်တဲ့ အနေအထားမှာ မရှိဘူး။ သူတို့ပါတီ၊ သူတို့ရဲ့ ရာထူး အနန္တရတွေ အတွက်ပဲလုပ်နေတယ်လို့ မြင်တယ်။”လို့ ရှစ်လေးလုံးတိုက်ပွဲဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာစိုးသန်းမောင်က ပြောပါတယ်။   ၈၈၈၈ လူထုအရေးတော်ပုံကြီးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထုအကျိုးကို ဦးတည်တဲ့ ဒီမိုကရေစီစနစ်ရရှိဖို့က လက်ရှိအနေအထားအရ သုံးသပ်ရရင် ဝေးနေဆဲဖြစ်တယ်လို့ မန္တလေးမြို့ ဘုရားကြီးအလယ်တိုက်မကြီးမှာ ကျင်းပတဲ့ ၈၈၈၈…

Read More
VOM News

FREE
VIEW