ကမ္ဘာ့ပထမဆုံး ဥာဏ်ရည်တု နည်းပညာသုံး သတင်းတင်ဆက်သူ ဖန်တီး

ပေကျင်း၊ နိုဝင်ဘာ-၉ ။ ၂၀၁၈
မျိုးဆက် (Voice Of Myanmar)

ဥာဏ်ရည်တုနည်းပညာကို အသုံးပြုပြီး သတင်းဖတ်ကြားတင်ဆက်ပေးနိုင်တဲ့ ပုံရိပ်ယောင် သတင်းကြေညာ သူနှစ်ဦးကို ကမ္ဘာ့မှာ ပထမဆုံးအဖြစ် တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖန်တီးလိုက်ပါတယ်။

အဆိုပါသတင်းကြေညာသူနှစ်ဦးအနက် တစ်ဦးကတော့ အင်္ဂလိပ်ဘာသာနဲ့ ကြေညာနိုင်ပြီး ကျန်တစ်ဦးမှာ တရုတ်ဘာသာ စကားတို့နဲ့ သတင်းကြေညာနိုင်မှာဖြစ်ကာ ဥာဏ်ရည်တုနည်းပညာနဲ့အတူ လူသား အစီအစဉ်တင်ဆက်သူတစ်ဦးလိုပင် ရုပ်ပုံနှင့် အသံတို့ကို ပေါင်းစပ်ဖန်တီးထားပါတယ်။

ဒီနည်းပညာကိုတော့ တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်မှာ ကျင်းပနေတဲ့ ငါးကြိမ်မြောက် ကမ္ဘာ့အင်တာနက် ညီလာခံမှာ ကမ္ဘာ့ပထမဆုံး အသိဉာဏ်တု သတင်းကြေညာသူ “He” ကို ပွဲထုတ်ပြလိုက်တာ ဖြစ်ပါတယ်။

အဆိုပါ ဥာဏ်ရည်တုနည်းပညာသုံး သတင်းတင်ဆက်သူဟာ ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ပြောဆိုလိုက်ပြီး He လို့ အမည်ပေးထားတဲ့ သတင်းတင်ဆက်သူကို သတင်းအဖွဲ့မှာ ပုံမှန်အဖွဲ့ဝင်တစ်ဦးအဖြစ် ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

ဒီနည်းပညာကို တရုတ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Sogou နဲ့ ပူးပေါင်းဖန်တီးခဲ့တာဖြစ်ပြီး တစ်ရက်မှာ ၂၄ နာရီပတ်လုံး ဆင်ဟွာ သတင်းဝဘ်ဆိုက်နဲ့ ဆိုရှယ်မီဒီယာတွေမှာ အစီအစဉ် တင်ဆက်နိုင်တာကြောင့် သတင်းထုတ်လုပ်မှု ကုန်ကျစရိတ်တွေကိုလည်း လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။

အစီအစဉ်တင်ဆက်သူရဲ့ အသံ၊ နှုတ်ခမ်းလှုပ်ရှားမှုနဲ့ မျက်နှာအမူအရာတွေကို သဘာဝကျစေဖို့ ဥာဏ်ရည်တုနည်းပညာကို အသုံးပြုထားပြီး ဆင်ဟွာသတင်းဌာနက လူသားအစီအစဉ်တင်ဆက်သူတွေရဲ့ ပြုမူလှုပ်ရှားမှုတွေကို အခြေခံထားကြောင်းသိရပါတယ်။

South China Morning Post/ BBC
Photo: South China Morning Post

#voiceofmyanmar #ဥာဏ်ရည်တုနည်းပညာသုံးသတင်းတင်ဆက်သူ

Related posts

Leave a Comment

VOM News

FREE
VIEW