မြို့နယ်တရားရုံးက ပလပ်ထားတဲ့ ကိုဆွေဝင်းအမှုကို ခရိုင်တရားရုံးသို့ ရာဇဝတ်ပြင်ဆင်ချက် ဆက်တက်

မန္တလေး၊ဩဂုတ် ၂၆-၂၀၁၉

ဟိန်းကို(VOM)

 

ကိုဆွေဝင်းကို ဆက်သွယ်ရေး ဥပဒေပုဒ်မ(၆၆/ဃ) နဲ့ တရားစွဲဆိုထားမှုမှာ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ငြိစွန်းမှုမရှိဆိုပြီး  မဟာအောင်မြေတရားရုံးကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်က အမှုကို ပလပ်ခဲ့တာ ဖြစ်ပါတယ်။

 

မြန်မာနောင်းသတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ လူမှုကွန်ယက်စာမျက်နှာမှာ ဆရာတော် ဦးဝီရသူရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းအောင်ရေးသားလို့ဆိုပြီး ဆရာတော် ဦးဝီရသူရဲ့ တပည့်ဖြစ်သူ ကိုကျော်မျိုးရွှေကနေ  မဟာအောင်မြေတရားရုံးမှာ တရားစွဲဆိုထားခဲ့တာပါ။

 

တရားရုံးက ပလပ်ထားတဲ့အမှုကို တရားလို ကိုကျော်မျိုးရွှေဘက်က ကျေနပ်မှုမရှိတဲ့အတွက် ဒီနေ့ သြဂုတ် ၂၆ ရက်မနက်ပိုင်းမှာတော့ မန္တလေးခရိုင်တရားရုံးမှာ ဥပဒေပြင်ဆင်ချက် ဆက်တက်ခဲ့ပြီး ခရိုင်တရားရုံးက လက်ခံမယ်၊ လက်မခံဘူးဆိုတာကိုလည်း စောင့်ကြည်သွားမယ်လို့ သိရပါတယ်။

 

#voiceofmyanmar #မန္တလေး #ကိုဆွေဝင်း #

Related posts

✕
VOM News

FREE
VIEW