စတော်ဘယ်ရီသီးတွေမှာ အပ်တွေထည့်တဲ့ အမျိုးသမီးကို သြစတြေးလျ ရဲတပ်ဖွဲ့ ဖမ်းဆီး

ကင်ဘာရာ၊ နိုဝင်ဘာ-၁၂-၂၀၁၈

မျိုးဆက် (VOM)

သြစတြေးလျ နိုင်ငံမှာ စတော်ဘယ်ရီသီးတွေထဲကို အပ်တွေထည့်ထားတာနဲ့ ပတ်သက်ပြီး  ပတ်သက်ဆက်နွယ်နေတဲ့ အမျိုးသမီးတစ်ဦးကို ကွင်းစလန်ပြည်နယ်မှာ ဖမ်းဆီးလိုက်ပါတယ်။

စတော်ဘယ်ရီသီးတွေထဲမှာ အပ်တွေတွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် အသက် ၅၀ နှစ်အရွယ် အဆိုပါအမျိုးသမီးကို နိုဝင်ဘာ ၁၁ ရက်က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

စက်တင်ဘာလအတွင်းက စတော်ဘယ်ရီသီးတွေထဲမှာ  အပ်တွေကို အံအားသင့်ဖွယ် ပထမဆုံးတွေ့ရှိပြီးနောက် တစ်နိုင်ငံလုံးအတိုင်းတာနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

စတော်ဘယ်ရီးသီးစားသုံးပြီးနောက်အစာအိမ် နာကျင်မှုကြောင့် ကွင်းစလန်ပြည်နယ်က အမျိုးသားတစ်ဦး ဆေးရုံတင်လိုက်ပြီးနောက် စတော်ဘယ်ရီသီးတွေထဲမှာ အပ်တွေပါတာကို ပထမဆုံး သိရှိခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ စတော်ဘယ်ရီသီးတွေမှာ အပ်တွေပါတယ်ဆိုတဲ့ တိုင်ကြားမှု ၁၀၀ ကျော်ရှိနေပြီး စတော်ဘယ်ရီသီး တန်ချိန်ပေါင်းများစွာကို စွန့်ပစ်ဖို့ ဖိအားပေးခံခဲ့ရပြီး ကုန်တိုက်တွေမှာလည်း ရောင်းချခြင်းပိတ်ပင်ထားပါတယ်။

အဆိုပါဖြစ်စဉ်သည် သြစတြေးလျနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာတော့ နယူးဇီလန်နိုင်ငံမှာလည်း ဒီလို ဖြစ်ပွားခဲ့ပြီး ပြည်သူတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ဒီဖြစ်စဉ်အပေါ်တုံ့ပြန်မှုအဖြစ် အစားအသောက်တွေကို ညစ်ညမ်းအောင်၊ အန္တရာယ်ဖြစ်အောင် လုပ်ဆောင်သူတွေကို ယခင်က ထောင်ဒါဏ် ၁၀ နှစ်သတ်မှတ်ထားရာကနေ ၁၅ နှစ်အထိ သြစတြေးချ အစိုးရက တိုးမြှင့်လိုက်ပါတယ်။

Ref:BBC

Photo: Reuter

 

Related posts

✕
VOM News

FREE
VIEW