အယ်ဒီတာ့ အာဘော်

ဒီနေ့ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေဟာ လက်ရှိအစိုးရလက်ထက်မှာ ပိုမိုကျဆင်းနေတယ်ဆိုတာ ကမ္ဘာကရော မြန်မာပြည်မှာလုပ်နေတဲ့ သတင်းမီဒီယာအသိုင်းအဝိုင်းကပါ အသံကျယ်ကျယ်နဲ့ ပြောနေကြချိန်ဖြစ်ပါတယ်။ ရိုက်တာသတင်းထောက် ၂ယောက်ကို အလုပ်နဲ့ ထောင် ၇နှစ်ချလိုက်လို့ ကမ္ဘာကြီးရဲ့ ဝေဖန်သံတွေညံနေဆဲအချိန်မှာပဲ ခု Weekly Eleven သတင်းဌာနက အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်ချုပ် စုစုပေါင်း ၃ယောက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြည်သူအများက အကြည်ညိုပျက်အောင် အယုံကြည်မဲ့အောင်လုပ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက အရင်စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချလေ့ရှိတဲ့ ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်လိုက်ပြန်ပါတယ်။ ဒီပုဒ်မမှာ “အများပြည်သူအကြား အကြောက်တရား၊ သို့မဟုတ် ထိတ်လန့်မှု ဖြစ်စေရန် ရည်ရွယ်ကာ” သတင်းအချက်အလက်များ ထုတ်ဝေဖြန့်ချိသည့် ဆောင်ရွက်မှု လို့ဖွင့်ဆိုထားပြီး အာမခံမရဘဲ ထောင် ၂နှစ် ချနိုင်ပါတယ်။ ဒီပုဒ်မ ၅၀၅ (ခ) ဆိုတာ…

Read More
VOM News

FREE
VIEW