လျှပ်စစ်ကွိုင်မီးဖိုတွင်ဟင်းအိုးတည်ရာမှ မီးလောင်ပြီး သမိုင်းပါမောက္ခ(ငြိမ်း) မီးလောင်သေဆုံး

မန္တလေး  အောက်တိုဘာ -၂၄ -၂၀၁၈

ဟိန်းကို

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၊ ၂၆လမ်း နဲ့ ၂၇လမ်းကြား ၊၆၂လမ်း နဲ့ ၆၃လမ်း ကြားရှိ သမိုင်းပါမောက္ခ(ငြိမ်း)ဒေါ်တင်တင်မြင့်နေထိုင်တဲ့ နေအိမ်မှာ ယနေ့ အောက်တိုဘာ(၂၄)ရက် နံနက်(၆)နာရီ(၅၅)မိနစ်အချိန်က လျှပ်စစ်ကွိုင်မီးဖိုနဲ့ ဟင်းအိုးတည်ထားပြီး အိပ်ခန်းကိုပြန်အိပ်ရာက အိပ်ပျော်သွားပြီး မီးဖိုအပူလွန်ကဲကာ မီးလောင်မှုဖြစ်လို့ ဒေါ်တင်တင်မြင့် အသက် ၆၇ နှစ်သေဆုံးခဲ့ပါတယ်။

မီး​လောင်​မှုကို မီး​လောင်​မှုအဆင့်​ Level2သက်​မှတ်​၍ မီးငြိမ်းခဲ့ပြီး မီး​လောင်​မှု​ကြောင့်​ သွပ်​မိုး၊ပျဉ်​​ထောင်​ (၁)ထပ်​​နေအိမ်​မီး​လောင်​၍ ​​တန်​ဖိုး​ငွေ (၁၁)သိန်းခန့်​ဆုံးရှုံးခဲ့တယ်လို့ သက်ဆိုင်ရာက မှတ်ချက်ပြုထားပါတယ်။

မီး​လောင်​မှုဖြစ်​ပွားခဲ့ပြီး ​သေဆုံးသွားခဲ့တဲ့ သမိုင်း​ပါ​မောက္ခ(ငြိမ်း)​ဒေါ်တင်​တင်​မြင့်​​ အသက်​(၆၇)ကို နယ်​​မြေခံ အမှတ်​(၃)ရဲစခန်းက  ( ပ-၇၀၈\၂၀၁၈) ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၀၄(က)နဲ့ အမှုဖွင့်​အရေးယူထားတယ်​လို့ လည်းသိရပါတယ်​။

Related posts

Leave a Comment

VOM News

FREE
VIEW